Monday, December 22, 2008

ကြားဖူးနားဝ အချစ်အကြောင်း


  • ယောက်ျားလေးတွေရဲ့ အချစ်က အချိန်နဲ့ အမျှလျော့လာတယ်တဲ့။(soaring phamton ပြောတဲ့ Boys' side ဆိုတဲ့ ပို့ စ်ထဲကလိုပေါ့)
    မိန်းကလေးတွေရဲ့ အချစ်ကတော့ အချိန်နဲ့ အမျှတိုးလာသတဲ့။
  • အရမ်းချစ်ပြတတ်တဲ့ ယောက်ျားတွေက ပိုပြီးကြောက်ဖို့ ကောင်းသတဲ့။
  • သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်..သူ့ ကောင်လေးက "မင်းမရှိရင် ကိုယ်တကယ် မနေနိုင်ဘူးကွာ"လို့  မကြာခဏပြောပါသတဲ့။သူမကလဲ ကျေနပ်မိပါသတဲ့။တကယ်တမ်း
    သူတို့ နှစ်ယောက် လမ်းခွဲတော့ တစ်ပတ်မပြည့်ဘူး။ကောင်လေးက နောက်တစ်ယောက် ရသွားပါရောတဲ့..သူ့ စကားနဲ့ သူတော့ ဟုတ်သား..မင်းမရှိရင် မနေတတ်ဘူး ဆိုတော့ မင်းမရှိတာနဲ့  မနေတတ်လို့  အသစ်တစ်ယောက်မြန်မြန်ရှာတာထင်ပါရဲ့နော်.. :D
  • သိပ်ချစ်တတ်တဲ့သူနဲ့  သိပ်ချစ်ပြတတ်တဲ့သူ က မတူပါဘူး။ချစ်တတ်တဲ့သူက သူချစ်တာကို တစ်ဖက်လူမသိအောင် သိုသိုသိပ်သိပ်လေး ချစ်ချင်ချစ်မယ်..ဒါမှမဟုတ် သူ့ အချစ်ကို ဖော်ထုတ်ပြချင်လဲ ပြမယ်။ သေချာတာကတော့ ဟန်ဆောင်ခြင်း ကင်းတယ်။ချစ်ပြတတ်တဲ့သူကတော့ ဘေးလူတွေရှေ့ရောက်ရင် လူတိုင်းအားကျလောက်အောင် ဂရုစိုက်ပြမယ်။ သည်းပြမယ်။အလိုလိုက်ပြမယ်။ ဒါပေမဲ့ ဟန်ဆောင်မှုတွေနဲ့ ။ကြာကြာမခံပါဘူး။ သူလိုချင်တာတွေ ရတဲ့ထိပါပဲ။
  • Forever Love ဆိုတဲ့အရာက လောကကြီးမှာ တကယ်ရှိတဲ့ အရာလား။ပုံပြင်တွေ ရုပ်ရှင်တွေထဲမှာပဲ ရှိတဲ့အရာများလား။
  • အချစ်စိတ်တွေ ဖုံးလွှမ်းနေတဲ့ အချိန်မှာ ကိုယ့်ချစ်သူဟာ အမြဲတမ်း perfect ပဲတဲ့။ချစ်သူက သင့်ကို ဘာလုပ်လုပ်အပြစ်တွေ မြင်လာပြီဆိုရင်တော့ အချစ်စိတ်တွေ ကုန်ခန်းစပြုနေပြီပေါ့။(p.s တစ်ခါတစ်လေ အမှားကို အမှန်ပြင်ပေးတာတွေကိုတော့ အပြစ်မြင်တယ်လို့ မထင်နဲ့ ပေါ့ =D)
  • မိန်းကလေးအများစုမှာ ကိုယ့်ချစ်သူရဲ့ အချိန်တွေ အားလုံးကို သူမတစ်ယောက်တည်း ပိုင်ဆိုင်လိုတဲ့ လောဘရှိကြတယ်။ သူမကိုယ်တိုင်လည်း သူမရဲ့ အချိန်တွေကို ချစ်သူနဲ့ ပဲ ကုန်လွန်ချင်ကြတယ်။ယောက်ျားလေးများဟာလည်း စစချင်းမှာတော့ သူရဲ့အချိန်တိုင်းကို ချစ်သူအတွက်ပဲ ပေးကြတယ်..ဒါပေမဲ့ အချိန်ကြာလာတော့ သူ့ ကိုယ်ပိုင်အချိန်တွေကို ပြန်တောင့်တလာတယ်..ကောင်မလေးနဲ့  တွေ့ ရဖို့ အရင်ကလောက် စိတ်မထက်သန်ကြတော့ဘူးတဲ့။
  • ချစ်သူနှစ်ဦးဟာ အနေနီးလွန်းလျှင်မကောင်းသလို အနေဝေးလွန်းလည်း မကောင်းပါဘူး။အနေနီးလွန်းရင် ပြဿနာလည်းပိုများတတ်ပါတယ်။အနေဝေးလွန်းရင်တော့ မကောင်းဘူးဆိုတာ လူတိုင်းသိပါတယ်။
  • မိန်းကလေးတွေဟာ သူ့ ချစ်သူရဲ့ ဂရုစိုက်မှုကို အရင်ကလောက်မခံရတော့ရင် သူတို့ ကို
    မချစ်တော့ဘူးလို့  ထင်တတ်ကြပါတယ်
ဖတ်ဖူးသမျှ၊ ကြားဖူးသမျှ ၊ သူငယ်ချင်းတွေဆီက သိရသမျှလေးတွေ ချရေးထားတာပါ။ တစ်ဖက်သတ်ဆန်လွန်းနေ၍ ဝေဖန်ချင်လို့ ဖြစ်စေ....ထပ်ဖြည့်စရာလေးတွေ အကြံဥာဏ်ပေးလို၍ ဖြစ်စေ၊ ငြင်းခုန်ရန်ဖြစ်လို၍ ဖြစ်စေ ကွန်မန့် မှာ အော်သွားနိုင်ပါတယ်ရှင်။ :)

Thursday, December 18, 2008

နပိုလီယန်နှင့်သားမွေးဆိုင်ရှင်

တော်တော်များများ ဖတ်ဖူးမယ် ထင်ပါတယ်။ ဖေမြင့်ရဲ့ နှလုံးသား အာဟာရထဲကပါ။မဖတ်ဖူးတဲ့ လူတွေ ရှိရင် ဖတ်ရအောင် လက်အညောင်း ခံပြီး တင်လိုက်ပါတယ်ရှင်။ ဖတ်ပြီးမေ့သွားတဲ့ လူတွေလဲ အားနာပါးနာနဲ့  ပြန်ဖတ်ပေါ့နော်.. :D

***********************************************************************************
ရုရှားပြည်ကြီးကို နပိုလီယန် ကျုးကျော်တိုက်ဆိုင်စဉ်ကာလ။ မြို့ ကလေးတစ်မြို့ တွင်း စစ်ခင်းကြစဉ် နပိုလီယန်နှင့် သူ့ နောက်လိုက်နောက်ပါတွေ အမှတ်မထင် လူစုကွဲသွားကြသည်။

ရုရှား ကော့ဆက်စစ်သားတစ်စုက သူ့ ကိုမြင်သွားပြီး နောက်က တရကြမ်းလိုက်သည်။
ကွေ့ ကောက်သော လမ်းသေးလမ်းသွယ်များကြား အသက်ကို လု၍ ပြေးလာခဲ့ပြီး လမ်းမြှောင်တစ်ခုထဲရှိ သားမွေးထည် အရောင်းဆိုင် တစ်ဆိုင် တွင် အလစ်ဝင်ခိုသည်။

ဆိုင်ရှင်ကို မြင်တော့ "ကယ်စမ်းပါဦးဗျာ၊ ကယ်စမ်းပါဦး၊ ကျွန်တော်ဘယ်မှာ ပုန်းရမလဲ"၊ တောင်းပန်တိုးလျှိုးသော လေသံဖြင့် နပိုလီယန် အမောတကောမေးသည်။
ဆိုင်ရှင်က "အဲဒီ ထောင့် က သားမွေးပုံကြီး အောက် သားမွေးတွေ တစ်ထပ်ကြီး ဖုံးဖိပေးထားသည်။
ဖုံးဖိပြီးရုံရှိသေး ကော့ဆက်တွေ အခန်းထဲ အော်ဟစ်ပြေးဝင်လာကြသည်။ "ဘယ်မလဲဟေ့၊ ဒီဆိုင်ထဲဝင်သွားတာ ငါတို့ မြင်လိုက်တယ်"

ဆိုင်ရှင်က ငြင်းသည်။ သို့ သော် သူတောင်းပန်နေသည့်ကြားကပင် ကော့ဆက်တွေ တစ်ဆိုင်လုံး ဆွဲလွဲမွှေနှောက်ကာ နပိုလီယန်ကို ရှာကြသည်။ သားမွေးပုံကြီးကို ဓားတွေနှင့် တစွပ်စွပ် ထိုးကြည့်ကြသည်။ မတွေ့ ။ နောက်ဆုံး သူတို့ လက်လျှော့ပြီး ထွက်သွားကြသည်။

အတော်ကြာတော့မှ နပိုလီယန်သားမွေးပုံအောက်မှ တွားပြီးထွက်လာသည်။ သူဘာဒဏ်ရာမှ မရခဲ့။ သည်အခိုက်မှာပင် သူ့ ကိုယ်ရံတော်တွေ ဆိုင်ဝရောက်လာသည်။

သည်အချိန် သိုးမွေးဆိုင်ရှင် နပိုလီယန်အားကြည့်ကာ မရဲတရဲနှင့် မေးသည်။
"ဒီလောက် ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးကို အားမနာပါးမနာ မေးတယ်လို့ တော့ သဘောမထားပါနဲ့ ခင်ဗျာ၊ သားမွေးပုံအောက်ရောက်နေတဲ့ အချိန်၊ နောက်တစ်ခဏမှာ အဆုံးစီရင်ရနိုင်တယ်လို့  သိနေရတဲ့အချိန်က ဘယ်လို ခံစားရပါသလဲခင်ဗျာ"
နပိုလီယန် ဆတ်ခနဲ မတ်မတ်ရပ်လိုက်ပြီး သားမွေးဆိုင်ရှင်အား ဒေါသနှင့် ပြောသည်။
"နပိုလီယန် ဧကရာဇ်တစ်ယောက်လုံးကို မထီလေးစားမေးရလား၊ ရိုင်းပျတဲ့ ဒီသတ္တ၀ါကို ဖမ်း၊ မျက်နှာကို ပုဝါစည်းပြီး ချက်ချင်းသုတ်သင်စမ်း၊ ငါကိုယ်တော်မြတ်ကိုယ်တိုင် ဒီကောင့်ကို ပစ်မိန့် ပေးမယ်"
ကိုယ်ရံတော် စစ်သည်တွေ သားမွေးဆိုင်ရှင်အား ၀ိုင်းချုပ်ပြီး အပြင်သို့ တရွတ်ဆွဲခေါ်သွားကြသည်။
သူ့ ကိုနံရံတွင်ရပ်စေကာ မျက်နှာကို ပုဝါနှင့်စည်းသည်။

သားမွေးဆိုင်ရှင်သည် ဘာကိုမျှ မမြင်ရ။ သို့ သော် စစ်သားတွေ တန်းစီသံ ၊ ပစ်ခတ်ရန်အတွက် ရိုင်ဖယ် သေနတ်များ ပြင်ဆင်နေကြသံတွေ သူကြားနေရသည်။ လေတိုးသဖြင့် သူ့ ကိုယ်ပေါ်က အ၀တ်အစားတွေ လှုပ်ခတ်သွားတာ၊ ပါးပြင်က အေးစက်သွားတာ ပြီးတော့ သူ့ ဒူးတွေ တဆတ်ဆတ်တုန်နေတာလည်း သူသတိပြုမိနေသည်။

ထို့ နောက် နပိုလီယန် လည်ချောင်းရှင်းလိုက်ပြီး တစ်ဆင့်ချင်း အမိန့် ပေးသံ သူကြားရသည်။
"အသင့်ပြင်...ချိန်..."
လောလောဆယ် သူ သိမှတ်နေရသည့် အကြားအာရုံ၊ အထိအတွေ့ အာရုံကလေးသည်ပင် အချိန် အနည်းငယ်အတွင်း သူ့ ထံမှ ထာဝရနုတ်ပယ်ခြင်း ခံရတော့မည်ဟူသည်ကို တွေးမိကာ အမျိုးအမည် မဖော်ပြနိုင်သည့် ဝေဒနာတစ်ခု သူ့ ကို လွှမ်းမိုးလာပြီး ပါးပြင်ပေါ်သို့ မျက်ရည်တွေတွေ စီးကျလာသည်။

အတော်ကြီးကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်တွင် သူ့ အနီးသို့  ချဉ်းကပ်လာသည့် ခြေသံများ သားမွေးဆိုင်ရှင် ကြားရသည်။ ထို့ နောက် သူ့ မျက်နှာမှာ စည်းထားသည့်အ၀တ်ကို ဖြည်ပေးသည်။ ရုတ်တရက် တိုးဝင်လာသည့် နေရောင်ကြောင့် သူ့ အမြင်အာရုံတွေ မသဲကွဲသေး။
သို့ သော် မှုန်ရီဝိုးဝါးဖြစ်နေသေးသည့် ကြားကပင် သူ့ အား ဖောက်ထွင်းမတတ် စူးစိုက်ကြည့်နေသည့် နပိုလီယန်၏ မျက်လုံးအစုံကို သူမြင်ရသည်။ သည်မျက်လုံးများကား သူ့ တစ်ကိုယ်လုံး ကို တစ်ထောင့် တစ်ဌာနမကျန် အသေးစိတ် ဖော်ထုတ် သိမြင်သွားသည့် ဟန်ပင်။
သည်နောက် နပိုလီယန်က လေသံအေးအေးနှင့်ပင် ပြောလိုက်သည်။ "ကဲ..အခုတော့ မင်းသိပြီမဟုတ်လား"တဲ့။

[မူရင်း။ ။ Steve Andreas ၏ Napoleon and the Furrier]
[ဘာသာပြန်။ ။ ဖေမြင့်၏ နှလုံးသား အာဟာရ ပထမတွဲ]

Wednesday, December 10, 2008

တစ်ချက်ပြုံးရင် တစ်ရက်ပိုအသက်ရှည်မှာပါ..၂

လူကဲခတ်နည်း
စိတ်ကျန်းမာရေးဆေးရုံတွင် လူနာက ဖြတ်သွားသူကို တံတွေးဖြင့် လှမ်းထွေးလိုက်သည် ဆိုပါတော့။
၁။ အကယ်၍ ဖြတ်သွားသူသည် တံတွေးမစင်အောင် ရှောင်တိမ်းလိုက်ပါက ၄င်းသည် လူနာလာကြည့်သူ ဖြစ်ရမည်။
၂။ အကယ်၍ ဖြတ်သွားသူသည် တံတွေးထွေးသူကို စိတ်ဆိုးမာန်ဆိုးနှင့် ဆဲရေးတိုင်းထွာပါက ၄င်းသည် နောက်လူနာတစ်ဦး ဖြစ်လိမ့်မည်။
၃။အကယ်၍ လူနာကို ဖြတ်သွားသူက လက်သီးနှင့် ထိုးပါက ၄င်းသည် ဆေးရုံဝန်ထမ်းတစ်ဦး ဖြစ်ရမည်။
၎။အကယ်၍ ဖြတ်သွားသူက လူနာကို တံတွေးနှင့် ပြန်ထွေးပါက ၄င်းသည် လူနာကို ကုသနေသော ဆရာဝန်ဖြစ်ရမည်။
ဖိုးကံကောင်း
"ကျွန်တော်တို့  လက်ထပ်ပြီးကတည်းက ယောက္ခမလုပ်တဲ့သူက ကျွန်တော်တို့ ဆီ တစ်ခေါက်ပဲ လာတယ်ဗျ"
"ဟုတ်လား။အဲဒါဆို ခင်ဗျားကို 'ဖိုးကံကောင်း' လို့ နာမည်ပေးရမယ်"
"အင်း။ဒါပေမဲ့ ရောက်ပြီးကတည်းက မပြန်တော့ဘူးဗျာ"

ရှက်စရာကြီး
စိတ်ရောဂါ အထူးကုဆေးခန်းတွင် ဖြစ်သည်။
"ဒေါက်တာ။ ကျွန်တော်လေ မနေ့ က ခြေထောက်မှာ ၀တ်ထားတဲ့ ခြေအိတ်ကလွဲလို့ ကိုယ်ပေါ်မှာ ဘာအ၀တ်အစားမှ မပါဘဲ လမ်းပေါ်လျှောက်ပြေးမိတယ်။ ရှက်လိုက်တာ ဆရာရယ်"
"အရင်တုန်းက ဒီလိုပဲ ပြေးဖူးလား"
"မကြာခဏပါပဲ"
"အဲ့ဒီတုန်းကကော အခုလို ရှက်စိတ်ဝင်မိလား"
"ဟင့်အင်း အခုတစ်ခါပါပဲ"
"အဲ့ဒါဆို ဘာလို့ အခုမှ ရှက်စိတ်ဝင်ရတာလဲ"
"ကျွန်တော့် ခြေအိတ်တစ်ဖက် အပေါက်နဲ့  ဖြစ်နေလို့ "

Monday, December 8, 2008

ThE baCKgroUNd stOrY oF mE To yOu

မီးခိုးရောင် အမွှေးဖွာဖွာ၊အပြာရောင် သန်းနေတဲ့ နှာခေါင်း ပိုင်ရှင်၊တစ်ကိုယ်လုံးမှာလည်း ချုပ်ရာထေးရာတွေနဲ့  အပြည့်။ ဒါပေမဲ့ ချစ်စရာကောင်းဆဲ ဈေးကြီးဆဲ ၀က်ဝံရုပ်လေး Me to you ဆိုရင် အကုန်လုံးသိကြပါတယ်နော်။ ကောင်လေးတွေတော့ မပြောတတ်ဘူး။ ကောင်မလေးတော်တော်များများတော့ အဲ့ဝက်ဝံလေးကို ကြိုက်ကြတယ် ။ ကျွန်မအပါအ၀င်ပေါ့နော်..ဟီဟီး.. ကြော်ငြာက၀င်သွားသေးတယ် ။
အဲ့ဒီ ၀က်ဝံလေးကို လူတိုင်းသိပေမဲ့  သူ့ ရဲ့ရာဇ၀င်ကို တော့ တော်တော်များများ မသိကြဘူးထင်ပါတယ်။ သိပြီးသား ဆိုရင်လည်း သည်းခံပြီးနောက်တစ်ခေါက် ထပ်ဖတ်ပေါ့နော်.. ဟီး။
ကဲပုံပြင်လေးစလိုက်ရအောင်...
ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ အိမ်အိုလေးတစ်လုံးရှိသတဲ့။ အရင်တုန်းကတော့ လူနေပေမဲ့ အခုဘယ်သူမှမနေကြတော့ဘူး ။ တစ်ချိန်က အိမ်လေးကို အလှဆင်ခဲ့တဲ့ ကုတင်၊မွေ့ ယာ၊ဆိုဖာ စတဲ့အိမ်သုံးပစ္စည်းတွေလည်း အခု အိမ်အပြင်ခြံဝင်းမှာ အမှိုက်ပုံကြီးသဖွယ် ပုံလျက်သားပေါ့။ အဲ့ဒီ ပစ္စည်းအပုံကြီးကို သေချာကြည့်လိုက်ရင် မွေ့ ယာတစ်ခုနဲ့  ပိမိနေတဲ့ အညိုရောင် အမွှေးဖွာ ၀က်ဝံလေးတစ်ကောင်ကို တွေ့ မှာပါ။

တစ်နေ့  အရမ်းအေးတဲ့ ဆောင်းညတစ်ညမှာပေါ့.. နှင်းတွေတဖွဲဖွဲကျလာတယ်။ အဲ့ထဲက နှင်းပွင့်တစ်ဖတ်က ၀က်ဝံလေးရဲ့ အညိုရောင်နှာခေါင်းလေးပေါ်ကို ကျလာသတဲ့ ။ ၀က်ဝံလေးလည်း ဘယ်ဖယ်လို့ ရမလဲကွယ်.. အေးတဲ့ ဒဏ်ကိုကြိတ်မှိတ်ပြီး ခံရမှာပေါ့။ ကြာတော့ အေးလွန်းလို့ အညိုရောင်နှာခေါင်းလေးက အပြာရောင်ကို ပြောင်းသွားသတဲ့။

ဒီလိုနဲ့ နှင်းတွေက တဖွဲဖွဲ ကျရာကနေ တဖြည်းဖြည်း နဲ့ နှင်းတွေ ပိန်းပိတ်အောင်ကျ လာသတဲ့။ ၀က်ဝံလေးမှာ အေးလွန်းလို့  ခိုက်ခိုက်တုန်နေရှာတာပေါ့။ နှင်းတွေကလဲ မရပ်မနားပဲ ကျလိုက်တာ နောက်ဆုံး ၀က်ဝံလေး
ရဲ့ ကိုယ်ပေါ်က အညိုရောင်အမွှေးတွေအားလုံး မီးခိုးရောင်ပြောင်းသွားတဲ့ အထိပဲတဲ့။
လိုချင်သူမရှိ တစ်ကောင်တည်း အေးခဲမတတ်ရာသီ မှာ စွန့် ပစ်ခံထားရတဲ့ ၀က်ဝံလေးလဲ တအား ၀မ်းနည်းနေပါသတဲ့။မကြာခင်မှာတော့ ကြမ်းတမ်းအေးစက်တဲ့ ဆောင်းရာသီကုန်ဆုံးလို့  သာယာနွေးထွေးတဲ့
နွေဦးရာသီသို့  ရောက်လာပါတော့တယ်။တစ်နေ့ မှာ ကောင်မလေးတစ်ယောက်ဟာ ကစားရင်းနဲ့  အိမ်အိုလေးနား ရောက်လာခဲ့တယ်။ ရှုပ်ပွနေတဲ့ အမှိုက်ပုံထဲက တပိုင်းတစထွက်နေတဲ့ မီးခိုးရောင် ၀က်ဝံရုပ်လေးကို တွေ့ မိလိုက်တယ်။ ခုံအောက်မှာ ပိနေရာကနေ သူမဆွဲထုတ်လိုက်တယ်။ အရုပ်မှာကပ်နေတဲ့ ဖုန်တွေကို ခါရင်း အပေါ်ကို မြှောက်ပြီးသေချာကြည့်လိုက်တယ်။

" အိုး...အပြာရောင်နှာခေါင်း မီးခိုးရောင် အမွှေးဖွာလေးနဲ့  ဒီဝက်ဝံရုပ်လေးက ထူးခြားလှချည်လား "

ဝက်ဝံရုပ်လေးက ငိုချင်သွားတယ်။ သူ့ ကို မကြိုက်ပဲ အမှိုက်ပုံထဲမှာ ပြန်ထားခဲ့တာ သိပ်ကြောက်နေတယ်။

"ဒါပေမဲ့ တော်တော်ချစ်ဖို့ ကောင်းတာပဲ" ဟု သူမက တဆက်တည်း ပြောလိုက်သည်။ သူမလက်က မချနိုင်လောက်အောင် အရုပ်လေးက ဆွဲဆောင်နေသည်။

သူမ အိမ်ကိုအမြန်ဆုံး ပြေးလာခဲ့မိတယ်။ သူမရဲ့အဖွားကို ဒီဝက်ဝံရုပ်လေးကို ပြန်ချုပ်ခိုင်းမလို့ ပေါ့။ ၀က်ဝံလေးက ရာသီဥတုဒဏ်ကြောင့် တော်တော်လေးဒဏ်ရာရနေပြီလေ။ လက်တစ်ဖက်လည်း ပြတ်ထွက်ခံနီးပြီ။ တစ်ချို့ နေရာတွေလည်း ပေါက်ပြဲနေတယ်။

သူမအဖွားက ပေါက်ပြဲနေတဲ့နေရာလေးတွေ ကို အ၀တ်စလေးတွေနဲ့  ဖာထေးချုပ်ပေးလိုက်တယ်... ၀က်ဝံလေးတစ်ကိုယ်လုံး အဖာအထေးရာတွေနဲ့ ပေါ့။ သို့ သော် ကောင်မလေးမျက်လုံး ထဲမှာတော့ ၀က်ဝံလေးက ချစ်ဖို့ အကောင်းဆုံး ပဲတဲ့။ ကောင်မလေးရဲ့ အိမ်က နွေးထွေးပါတယ် ၊လုံခြုံပါတယ်။ ဒါပေမဲ့ ၀က်ဝံလေးရဲ့ အမွှေးလေးတွေနဲ့  နှာခေါင်းကတော့ နဂို အရောင်ပြန်ပြောင်းမသွားတော့ဘူးတဲ့။ ကမ္ဘာမှာရှိရှိသမျှ ၀က်ဝံရုပ်တွေထက် ထူးခြားသွားတာပေါ့ကွယ်။

ကောင်မလေးက သူ့ ဝက်ဝံလေးကို သိပ်ချစ်တာပဲတဲ့။ သူမ ပိုင်ဆိုင်သမျှဟာတွေထက် တန်ဖိုးထားသတဲ့။ အခုဆို ၀က်ဝံလေးဟာ ကောင်မလေးရဲ့ နွေးထွေးတဲ့ ရင်ခွင်မှာ အိပ်မောကျနေရောပေါ့။
ပြီးပါပြီ။

(ဖတ်ဖူးတဲ့ ပုံပြင်လေးကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ အကယ်လို့ ဖတ်လို့ မကောင်းခဲ့လျှင် ကျွန်မ၏ ဘာသာပြန် ညံ့ ဖျင်းမှုကြောင့်သာ ဖြစ်ပါကြောင်း။)

သ၀န်တိုခြင်း

"သ၀န်တိုခြင်းဆိုတာ တခြားလူတစ်ယောက်ရဲ့ သာလွန်မှုကို ကြောက်လန့် ခြင်းပါပဲ"
(အလက်ဇန်းဒါး ဒျူးမား-ဂျူနီယာ)

"သ၀န်တိုတယ်ဆိုတာ ရယ်မောနေကြတဲ့ ရန်သူတွေကြားမှာ အထီးကျန် ခံစားနေတာကိုပြောတာ"
(အဲလီဇဘက် ဘိုဝင်)

"ယောက်ျားတွေဟာ သူမတိုင်မီကလူတွေကို မနာလိုဝန်တိုခြင်း ဖြစ်တယ်။ မိန်းမတွေကတော့ နောက်ပေါ်လာမယ့်သူကို မနာလိုစိတ်မွေးတယ်"
(မာစယ် အာရှား)

"မနာလိုဝန်တိုစိတ်ဟာ ချစ်စိတ်နဲ့ အတူ အမြဲတမ်းမွေးဖွားလာတယ်။ ဒါပေမဲ့ ချစ်စိတ်နဲ့ အတူ အမြဲတမ်းလိုက်မသေသွားဘူး"
(လာရိုဖူးကို)

Sunday, December 7, 2008

တစ်ချက်ပြုံးရင် တစ်ရက်ပိုအသက်ရှည်မှာပါ..

ဟုတ်သလိုလိုပဲ

"မနက်တိုင်း ကျန်းမာရေးလေ့ကျင့်ခန်းလုပ်သူများသည် အသေနည်းကြသည်။ အကြောင်းမူ ၄င်းတို့ သည် လူနည်းစုဖြစ်သောကြောင့် ဖြစ်သည်။"

ရွေးရခက်ကြီး

ယောက်ျားတစ်ယောက် မိန်းမဖြစ်သူ မျက်နှာမြင်မည်ဆိုသဖြင့် သားဖွားခန်းရှေ့ က စောင့်သည်။ တစ်နာရီလောက်အကြာတွင် နဖူးပေါ်ချွေးကိုသုတ်ကာ ဆရာဝန်အခန်းထဲမှ ထွက်လာသည်။ ယောက်ျားကြီးဘက် လျှောက်လာပြီးပြောသည်။
"အခြေအနေမကောင်းဘူး။ ခင်ဗျားတစ်ခုခုကို ရွေးချယ်ရလိမ့်မယ်။ ကျွန်တော်တို့ အမေ သို့ မဟုတ် ကလေးကိုပဲ ကယ်နိုင်မယ်ဗျ။ ကိုင်း ခင်ဗျား အဆုံးအဖြတ်ပေးပါ"
"ကျွန်....ကျွန်တော် ဘယ်လိုဆုံးဖြတ်ရမယ်မှန်း မသိဘူး။ ကလေးကလဲ ကျွန်တော်နဲ့ ရတဲ့ ကလေးမဟုတ်ဘူး။ တစ်ဖက်က ပြန်စဉ်းစားကြည့်တော့လဲ နောက်မိန်းမတစ်ယောက်ကို ကျွန်တော်အချိန်မရွေး ကောက်ယူလို့  ရတယ်။ ဟုတ်တယ်မဟုတ်လား ဆရာ"
(PS. ယောက်ျားတွေများ ဆိုးပါ့နော်..ဟီး)

အမေ့သား


မိန်းမတစ်ယောက်သည် သားငယ်ကို လက်မှဆွဲကာ ထမင်းဖိုး၊ ဟင်းဖိုးလေးမစပါရန် မျက်ရည်စမ်းစမ်းနှင့် ဖြတ်သွားသူတို့ ကို အသနားခံသည်။ သားငယ်က အမေ့ကို နှစ်သိမ့်သည်။ "မငိုပါနဲ့ မေမေရာ။ ကျွန်တော်လေ ကြီးလာရင် သူဌေးဖြစ်အောင်လုပ်မယ်။ အဲဒီအခါကြရင် မေမေ့တစ်ယောက်စာအတွက်ပဲ မေမေတောင်းရတော့မှာပါ။ ကိုင်း တိတ်ပါနော် မေမေ"

ကောင်းသတင်း

မိန်းမက ယောက်ျားကို ပြောသည်။
"ရှင့်ကို ကျွန်မပြောစရာ သတင်းနှစ်ခုရှိတယ်။ ကောင်းတဲ့ သတင်းနဲ့ မကောင်းတဲ့ သတင်း"
"ပြောလေ"
"ရှင့်ကို ကျွန်မ မပေါင်းနိုင်တော့ဘူး"
"မကောင်းတဲ့သတင်းကကော?"

Saturday, December 6, 2008

လမ်းအဆုံး

ဆူးတွေပြည့်နေတဲ့ လမ်းတစ်ခု ကို
အမှောင်ထုထဲမှာ
ငါ့အမြင်တွေေ၀၀ါးပြီး
ဖယောင်းခင်းထားတဲ့ လမ်းလို့ ထင်ခဲ့မိတယ်..

ခြေနှစ်လှမ်း လှမ်းပြီးတဲ့နောက်မှာတော့
ငါ့ခြေဖ၀ါးတွေထဲ ဆူးတွေ နစ်ဝင်နေခဲ့ပြီ..

ဆက်သွားရင် ပိုပြီးနာကျင်ခံစားရမယ်ဆိုတာ
သိပေမဲ့
လမ်းအဆုံးမှာရှိတဲ့ မှိန်ပျပျမီးလေးတစ်ပွင့် ဆီ
ရောက်အောင်သွားချင်တဲ့ စိတ်နဲ့ 
မှောင်မိုက်နေတဲ့လမ်းကို
နောက်ပြန်လှည့်ဖို့ 
ငါလုံးဝမစွမ်းနိုင်ခဲ့ဘူး...

မတတ်နိုင်ဘူးလေ
ဆက်ပြီး နာကျင်ရမယ်ဆိုလဲ
နာကျင်ပါစေတော့
ငါ့စိတ်ကို ဒီတစ်ခါလောက်တော့
အလိုလိုက်ပါရစေ..

ဒါပေမဲ့
လမ်းအဆုံးက မှိန်ပျပျမီးပွင့်လေးရေ
မင်းက ငါရောက်တဲ့ အချိန်ထိ
ထွန်းလင်းပေးနေအုံးမှာလားကွာ...

ချက်မယ် ပြုတ်မယ်



တစ်ခါတစ်လေ ကျောင်းပိတ်ရက်တွေမှာ ကျွန်မတို့  သူငယ်ချင်းတွေစုပြီး ဟင်းချက်စားတတ်ကြတယ်။ ကျွန်မကတော့ သိပ်ကောင်းကောင်းမချက်တတ်ပါဘူး..သူငယ်ချင်းတွေထဲမှာတော့ ကောင်းကောင်းချက်တတ်တဲ့သူ ၂ယောက်၊၃ ယောက်ပါလို့ တော်သေးတယ်..နို့ မိုရင် ပေါက်ကရဟင်းတွေပဲစားရမှာ သေချာတယ်..ဟီးဟီး
များသောအားဖြင့် လွယ်လွယ်ကူကူဟင်းတွေပဲ ချက်စားဖြစ်တာများတယ်။
  • ကြက်သားနဲ့ အာလူး ၊ ဒါမှမဟုတ် ကြက်သားချဉ်စပ်(ဒါကတော့ ကြက်ချဉ်စပ်တဲ့..ပြောတာပဲ..ချဉ်လဲချဉ်ပဲနဲ့ )
  • ၀က်သားလုံးကြော်(အီဖေကိုယ်လက်ရာပေါ့..ငှဲငှဲငှဲ..ဖြစ်ဖြစ်မြောက်မြောက်ချက်တတ်တာဆိုလို့  အဲ့ဒါပဲရှိတယ်လို့ တော့ မထင်ပါနဲ့ နော်..ကြက်ဥလဲကြော်တတ်ပါသေးတယ်...ဟဲဟဲ..ကြော်ငြာဝင်တာ)..

  • အရွက်ကြော်.. (အမြဲတမ်း ဂေါ်ဖီပဲ ကြော်ပါသည်..ဘာလို့ မှန်းမသိပါ)
  • ကြက်သားသုပ်(တစ်ခါတစ်လေ သုပ်ပါသည်)(ပုံထဲမှာတော့မပါဘူး)
    (ဘာလို့ ကြက်သားတွေချည်းဖြစ်နေတာလဲ၊ပုဇွန်တွေ ငါးတွေမပါဘူးလားဟုမေးရင် ဖြေပါမည်..ပုဇွန်လုံးဝမကြိုက်သော လူထူးဆန်းတစ်ယောက်
    အဖွဲ့ ထဲတွင်ပါနေ၍ဖြစ်ပါသည်..ဟီဟီး)

  • ဟင်းချို( ဘယ်တော့မှမပြောင်းပါ..အဲဗီးတိုင်း တုန်ယမ်းဟင်းချို ဖြစ်ပါသည်..fish ball တွေစုပြုံထည့် .. မကုန်တဲ့ ဟင်းသီးဟင်းရွက်တွေထည့် ပြီးချက်ထားတာ..ရှယ်နော်..ဟဲဟဲ)


    ကောင်းမကောင်းတော့ စမ်းသောက်ကြည့်ပေါ့နော်...
    ဘလော့ကိုလာလည်တဲ့ ကိုကို၊မမ တွေမြည်းလို့ ရအောင် ပုံတွေပါတင်ပေးလိုက်ပါတယ်။ :P



Friday, December 5, 2008

နင်....ငါ

နင်ဟာငါ့အတွက်
ပျော်ရွှင်မှုတွေပေးတဲ့
comedy ရုပ်ရှင်တစ်ကား...

နင်ဟာငါ့အတွက်
လန်းဆန်းမှုတွေပေးတဲ့
ကော်ဖီခါးခါးတစ်ခွက်...

နင်ဟာငါ့အတွက်
စိတ်လှုပ်ရှားမှုတွေပေးတဲ့
roller coaster တစ်စင်း...

နင်ဟာငါ့အတွက်
မျှော်လင့်ချက်တွေပေးတဲ့
နေမင်းကြီးတစ်လုံး...

နင်ဟာငါ့အတွက်
စိတ်လုံခြုံမှုတွေ ပေးတဲ့
ကောင်းကင်ကြီးတစ်ခု..

နင်ဟာငါ့အတွက်
အေးမြမြ သံစဉ်တွေပေးတဲ့
တေးသွားတစ်ပုဒ်...

ဒါဆိုရင် ငါကကော နင့်အတွက် ဘာလဲ..

ငါကနင့်အတွက်
အပျင်းပြေစကားပြောလို့ ရတဲ့
ကြက်တူရွေးတစ်ကောင် ထက်ပိုခဲ့လား..နင်ဖြေပါ။

စကား

စကားဆိုတာ နည်းလေကောင်းလေပဲ..
စကားများရင် အမှားများတယ်..
သတိမထားပဲ ပြောလိုက်တဲ့စကား တစ်ခွန်း က ပြဿနာအများကြီးကို သယ်လာပေးတယ်..
သာမန်စကားလေးတစ်ခွန်း က ရန်တိုက်ပေးတဲ့စကားတွေ လဲဖြစ်သွားစေနိုင်တယ်..
တစ်ခါတစ်လေတော့လဲ လူတွေနဲ့ စကားပြောရမှာတောင် ကြောက်လာတယ်..
တစ်ချို့  လူတွေက ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စတွေ ၀င်ဝင်ပါတယ်..
ပြီးရင် သူတို့ နဲ့ ပတ်သတ်တာ ပြောမိရင် နည်းနည်းကို ပုံကြီးချဲ့ တယ်..
အဲ့လိုလူမျိုးတွေ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်။
ကိုယ့်ဟာကိုယ်လည်း စိတ်ပျက်မိပါတယ်..စကားများပြီး လျှာရှည်လွန်းလို့ ..

(မည်သူ့ ကိုမှ မရည်ရွယ်ပါ..စိတ်ထဲပေါက်တာ ချရေးထားခြင်းသာ)

အဖြူနဲ့ အမဲ

ဒီကဗျာလေးကို လူမည်းကလေးငယ်တစ်ယောက်ရေးထားပြီး ၂၀၀၈ခုနစ်ရဲ့ အကောင်းဆုံး ကဗျာအဖြစ် UN ရဲ့ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။



ပေါက်ကရလေးဆယ် (၁)

တံခါးမခေါက်ပါနဲ့ ..
ဒီအတိုင်းဝင်ခဲ့ပါ..
သင့်မှာ အကြင်နာတရားပါလာရင်ပေါ့..
( by မိုးဆက်လင်းထက်)

တံခါးခေါက်ပါ..
အလိုက်သိပါ..
ဒီအတိုင်းဝင်လာရင်တော့ သင်နာပြီသာမှတ်..
(by ဘာတွေတုန်း)

လွမ်းတယ်


ကဗျာမရေးတတ်ပါဘူး
စာမဖွဲ့ တတ်ပါဘူး
ဒါပေမဲ့ နင့်ကိုလွမ်းတာတော့ အမှန်ပဲ...

ရင်ထဲမှာ နင်မရှိဘူး
ငါချစ်တာလည်း နင်မဟုတ်ဘူး
ဒါပေမဲ့ နင်မရှိရင် မနေတတ်တာ အမှန်ပဲ...

ငါ့အနားမှာ နင်မရှိဘူး
ငါငိုတာ နင်မတွေ့ ဘူး
ဒါပေမဲ့ နင့်ကိုငါ လိုအပ်နေတာ အမှန်ပဲ...

အသစ်တွေ နင့်ကိုမမှီဘူး
နွေးထွေးမှူနင့်လိုမပေးနိုင်ဘူး
ဒါပေမဲ့ ငါနားမှာ သူတို့ ပဲရှိနေတာ အမှန်ပဲ...

နင့်ကိုလွမ်းတယ်..
ငါ့အနားမှာနင့်ကိုရှိစေချင်တယ်..
နင့်ဆီကနွေးထွေးမှူတွေ ပြန်လိုချင်တယ်..
ဒါပေမဲ့  နင်နဲ့ ငါ ရေမြေတွေခြားနေပြီလေဟာ...

[ဟီဟီး...ရန်ကုန်အိမ်မှာကျန်ခဲ့တဲ့ ခြေတံရှည်အရုပ်မ အကြီးကြီးကို ပြောတာနော်..ဟဲဟဲ.. စလုံးကို ယူလာချင်တာကို..ချစ်ပါပါးက ဒီလောက်အကြီးကြီး သယ်ရပြုရခက်ပါဘိနဲ့  ရန်ကုန်မှာပဲထားခဲ့ ဆိုလို့  မယူလာခဲ့ရဘူး..အဟင့်ဟင့်...လွမ်းလိုက်တာနော်..အရုပ်ကြီးကို..ခုချိန်ဖက်အိပ်လိုက်ရရင်ရှယ်ပဲ]

MISS NO GOOD

ဒီတလော ထိုင်ဝမ်ကားတွေ ကြည့်ု့ဖြစ်တယ်.. ကိုရီးယားကားတွေထက်စာရင် ပိုကြည့်ကောင်းသလိုပဲ..အဓိက က ပိုရယ်ရလို့ ..ပြီးတော့ ပိုပြီးရိုမန်တစ်ဖြစ်တယ်လို့  ထင်တာပဲ..ကိုရီးယားကားတွေက အစပိုင်းကောင်းတယ်..ရယ်ရတယ်..ဒါပေမဲ့ နောက်ပိုင်းတွေက တဖြေးဖြေးပျင်းဖို့ ကောင်းလာရော..ငိုလဲငိုရတယ်..မင်းသမီး က ကင်ဆာနဲ့ သေလိုက်..
မင်းသားနဲ့ ကွဲလိုက်နဲ့ ..စိတ်ကိုမချမ်းသာဘူး..relax ဖြစ်အောင်ရုပ်ရှင်ကြည့်တယ်ဆိုမှ ငိုနေရမှတော့ ဘယ်လိုလုပ် relax ဖြစ်မှာတုန်း..ဟုတ်တယ်ဟုတ်.. အဲ့တော့ ရယ်ရတဲ့ ကားပဲကြည့်တယ်..ဟီး

ဟိုနေ့ ကား တရုတ်ကား ကြည့်ချင်စိတ်ပေါက်လာတာနဲ့  www.mysoju.com မှာသွားမွှေကြည့်တော့ MISS NO GOOD ဆိုတဲ့ကားသစ် တွေ့ တယ်။ မင်းသား မင်းသမီး ဘယ်သူလဲကြည့်လိုက်တော့ အီဖေကိုယ် အကြိုက်တွေဖြစ်နေတာနဲ့  episode 1 ကို စကြည့်တော့ တော်တော်ရယ်ရတယ်ဗျို့ ။ ပါးစပ်ကိုမပိတ်ရဘူး.. အခုဆို ကြည့်တာ episode13 ရောက်ပြီ။ အဆုံးထိမထွက်သေးတော့ ကြည့်ရတာတော့ ဆန့် တငင်နဲ့ .. ဟင့်..

ဇာတ်လမ်းလေးက အဓိက ဇာတ်ကောင်မင်းသား(Tang Men)က ထိုင်ဝမ်က popular အဖြစ်ဆုံး stylist တစ်ယောက် ..မိန်းကလေးတစ်ယောက် ကိုယ့်ဟာကိုယ်မမှတ်မိနိုင်လောက်အောင် လှသွားအောင် လုပ်ပေးနိုင်တဲ့ magic hands လို့ တောင်တင်စားခေါ်ကြတယ် ..ဒါပေမဲ့ အားနည်းချက်က တအားဒေါသကြီးတယ်။ မင်းသမီး(Xiao Hua)က Fancy အလှအပ ပစ္စည်းဆိုင် ဖွင့်ထားပေမဲ့ fashion taste လုံးဝမရှိတဲ့ christmas tree လို တကိုယ်လုံးအရောင်စုံ မျက်စိနောက်လောက်အောင် ၀တ်တတ်ပြီး စိတ်သဘောကောင်းတဲ့ ကောင်မလေးတစ်ယောက်။ ဒုတိယမင်းသား(Jia Se Le)က တအားချမ်းသာတဲ့ သူဌေးသား.. မင်းသမီးရဲ့ ငယ်သူငယ်ချင်း.. ငယ်ငယ်ကတည်းက မင်းသမီးကို ကြိုက်ခဲ့တယ်..နောက် ဒုတိယမင်းသမီး(Jiang Mi) က Jia Se Le နဲ့ ၊လူကြီးချင်း သဘောတူထားတဲ့သူ..
သူတို့ လေးယောက်ရဲ့ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်း..

ပိုက်ဆံမချမ်းသာဘူး ..ရုပ်မလှဘူး.. ဒါပေမဲ့ ရှိသမျှနဲ့  ရောင့်ရဲတတ်ပြီး ဘယ်ကိစ္စမဆို အကောင်းဖက်ကတွေးတတ်တဲ့ Xiao hua ..
ပွင်းလင်းတယ်..ခံစားချက်ကို မဖုံးကွယ်တတ်ဘူး... စိတ်ထဲရှိတဲ့အတိုင်းဆက်ဆံတယ်..
ဘ၀ကိုအမြဲတမ်း ပေါ့ပေါ့ပါးပါးနဲ့  ဖြတ်သန်းတယ်..
သူ့ ကိုမသိတဲ့လူတွေက သူ့ အပြောအဆို အမူအရာ ကိုကြည့်ပြီး အဆင့်တန်းနိမ့်တယ်လို့  ထင်တဲ့လူကထင်ကြတယ်..
ဒါပေမဲ့ သူ နဲ့ အနီးကပ်ပေါင်းကြည့်တဲ့သူတိုင်း သူ့ ရဲ့ ပွင့်လင်းမှု ၊ ဖြူစင်မှုကို ချစ်ကြတယ်..
အဓိက က သူကသူ့ ဘေးနားက လူတွေအားလုံး ကို ပျော်အောင်လုပ်ပေးနိုင်တယ်..
သူနဲ့ အတူတူရှိ နေတဲ့ အချိန်တိုင်း စိတ်ဖိစီးမှုဆိုတာ လိုက်ရှာတောင်တွေ့ မှာမဟုတ်ဘူး။
ဒါကြောင့် မင်းသားနှစ်ယောက်လုံးက xiao hua ကိုပိုင်ဆိုင်ရဖို့ အပြိုင်ကြိုးစားကြပါလေရော..ဒါပေမဲ့ ဆိုးတာက သူတို့ နှစ်ယောက်ကလဲ သိပ်ချစ်တဲ့ သူငယ်ချင်းနှစ်ယောက်။ ဒါပေမဲ့ အချစ်နဲ့ ပတ်သတ်ရင် သူငယ်ချင်းဆိုတာရော ရှိသေးပါ့မလား။ အဲ...သိချင်ရင်တော့ ကိုယ့်ဟာကိုယ်ဆက်ကြည့်ပေတော့။ စာရေးရတာ လက်ညောင်းလာလို့ ..ဟီး

တကယ်ကောင်းတဲ့ ဇာတ်လမ်းတွဲလေး ပါ.. စိတ်ညစ်တဲ့ အခါကြည့်ကြည့်ပေါ့.. စိတ်ညစ်တာတွေအကုန်ပျောက်သွားလိမ့်မယ်..