Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, December 10, 2008

တစ်ချက်ပြုံးရင် တစ်ရက်ပိုအသက်ရှည်မှာပါ..၂

လူကဲခတ်နည်း
စိတ်ကျန်းမာရေးဆေးရုံတွင် လူနာက ဖြတ်သွားသူကို တံတွေးဖြင့် လှမ်းထွေးလိုက်သည် ဆိုပါတော့။
၁။ အကယ်၍ ဖြတ်သွားသူသည် တံတွေးမစင်အောင် ရှောင်တိမ်းလိုက်ပါက ၄င်းသည် လူနာလာကြည့်သူ ဖြစ်ရမည်။
၂။ အကယ်၍ ဖြတ်သွားသူသည် တံတွေးထွေးသူကို စိတ်ဆိုးမာန်ဆိုးနှင့် ဆဲရေးတိုင်းထွာပါက ၄င်းသည် နောက်လူနာတစ်ဦး ဖြစ်လိမ့်မည်။
၃။အကယ်၍ လူနာကို ဖြတ်သွားသူက လက်သီးနှင့် ထိုးပါက ၄င်းသည် ဆေးရုံဝန်ထမ်းတစ်ဦး ဖြစ်ရမည်။
၎။အကယ်၍ ဖြတ်သွားသူက လူနာကို တံတွေးနှင့် ပြန်ထွေးပါက ၄င်းသည် လူနာကို ကုသနေသော ဆရာဝန်ဖြစ်ရမည်။
ဖိုးကံကောင်း
"ကျွန်တော်တို့  လက်ထပ်ပြီးကတည်းက ယောက္ခမလုပ်တဲ့သူက ကျွန်တော်တို့ ဆီ တစ်ခေါက်ပဲ လာတယ်ဗျ"
"ဟုတ်လား။အဲဒါဆို ခင်ဗျားကို 'ဖိုးကံကောင်း' လို့ နာမည်ပေးရမယ်"
"အင်း။ဒါပေမဲ့ ရောက်ပြီးကတည်းက မပြန်တော့ဘူးဗျာ"

ရှက်စရာကြီး
စိတ်ရောဂါ အထူးကုဆေးခန်းတွင် ဖြစ်သည်။
"ဒေါက်တာ။ ကျွန်တော်လေ မနေ့ က ခြေထောက်မှာ ၀တ်ထားတဲ့ ခြေအိတ်ကလွဲလို့ ကိုယ်ပေါ်မှာ ဘာအ၀တ်အစားမှ မပါဘဲ လမ်းပေါ်လျှောက်ပြေးမိတယ်။ ရှက်လိုက်တာ ဆရာရယ်"
"အရင်တုန်းက ဒီလိုပဲ ပြေးဖူးလား"
"မကြာခဏပါပဲ"
"အဲ့ဒီတုန်းကကော အခုလို ရှက်စိတ်ဝင်မိလား"
"ဟင့်အင်း အခုတစ်ခါပါပဲ"
"အဲ့ဒါဆို ဘာလို့ အခုမှ ရှက်စိတ်ဝင်ရတာလဲ"
"ကျွန်တော့် ခြေအိတ်တစ်ဖက် အပေါက်နဲ့  ဖြစ်နေလို့ "

Sunday, December 7, 2008

တစ်ချက်ပြုံးရင် တစ်ရက်ပိုအသက်ရှည်မှာပါ..

ဟုတ်သလိုလိုပဲ

"မနက်တိုင်း ကျန်းမာရေးလေ့ကျင့်ခန်းလုပ်သူများသည် အသေနည်းကြသည်။ အကြောင်းမူ ၄င်းတို့ သည် လူနည်းစုဖြစ်သောကြောင့် ဖြစ်သည်။"

ရွေးရခက်ကြီး

ယောက်ျားတစ်ယောက် မိန်းမဖြစ်သူ မျက်နှာမြင်မည်ဆိုသဖြင့် သားဖွားခန်းရှေ့ က စောင့်သည်။ တစ်နာရီလောက်အကြာတွင် နဖူးပေါ်ချွေးကိုသုတ်ကာ ဆရာဝန်အခန်းထဲမှ ထွက်လာသည်။ ယောက်ျားကြီးဘက် လျှောက်လာပြီးပြောသည်။
"အခြေအနေမကောင်းဘူး။ ခင်ဗျားတစ်ခုခုကို ရွေးချယ်ရလိမ့်မယ်။ ကျွန်တော်တို့ အမေ သို့ မဟုတ် ကလေးကိုပဲ ကယ်နိုင်မယ်ဗျ။ ကိုင်း ခင်ဗျား အဆုံးအဖြတ်ပေးပါ"
"ကျွန်....ကျွန်တော် ဘယ်လိုဆုံးဖြတ်ရမယ်မှန်း မသိဘူး။ ကလေးကလဲ ကျွန်တော်နဲ့ ရတဲ့ ကလေးမဟုတ်ဘူး။ တစ်ဖက်က ပြန်စဉ်းစားကြည့်တော့လဲ နောက်မိန်းမတစ်ယောက်ကို ကျွန်တော်အချိန်မရွေး ကောက်ယူလို့  ရတယ်။ ဟုတ်တယ်မဟုတ်လား ဆရာ"
(PS. ယောက်ျားတွေများ ဆိုးပါ့နော်..ဟီး)

အမေ့သား


မိန်းမတစ်ယောက်သည် သားငယ်ကို လက်မှဆွဲကာ ထမင်းဖိုး၊ ဟင်းဖိုးလေးမစပါရန် မျက်ရည်စမ်းစမ်းနှင့် ဖြတ်သွားသူတို့ ကို အသနားခံသည်။ သားငယ်က အမေ့ကို နှစ်သိမ့်သည်။ "မငိုပါနဲ့ မေမေရာ။ ကျွန်တော်လေ ကြီးလာရင် သူဌေးဖြစ်အောင်လုပ်မယ်။ အဲဒီအခါကြရင် မေမေ့တစ်ယောက်စာအတွက်ပဲ မေမေတောင်းရတော့မှာပါ။ ကိုင်း တိတ်ပါနော် မေမေ"

ကောင်းသတင်း

မိန်းမက ယောက်ျားကို ပြောသည်။
"ရှင့်ကို ကျွန်မပြောစရာ သတင်းနှစ်ခုရှိတယ်။ ကောင်းတဲ့ သတင်းနဲ့ မကောင်းတဲ့ သတင်း"
"ပြောလေ"
"ရှင့်ကို ကျွန်မ မပေါင်းနိုင်တော့ဘူး"
"မကောင်းတဲ့သတင်းကကော?"