Showing posts with label ကြော်ငြာ. Show all posts
Showing posts with label ကြော်ငြာ. Show all posts

Monday, February 7, 2011

ကြော်ငြာဗျို့ ကြော်ငြာ

တစ်နှစ်တစ်ခါပေါ်လို့လာ
ငါသာမင်းလောင်း ထီးဖြူဆောင်း ... အဲ့ဒါဘာတုန်း။။။။။

ကဲ မသိရင်ပြောပါမယ်... အဖြေမှန်ကတော့ "ဘာတွေတုန်း"ဆိုတဲ့ ငတိမလေးပဲ ဖြစ်ပါတယ်ရှင်... =)ဟုတ်တယ်လေ..
ဟိဟိ.. အပျင်းထူနေတာ ဘလော့ကို အသစ်မတင်တာ ခုဆို၆လတောင်ရှိပြီ...နောက်ဆို တစ်နှစ်ကို တစ်ပို့စ်ပဲ တင်ဖြစ်မလားပဲ...အဲ့ဒါဆိုရင်တော့ အပေါ်က ဆောင်ပုဒ်နဲ့ ကွက်တိဖြစ်သွားပီ :P

ခုမှ ရုတ်တရက်ကြီး ဘလော့ပြန်ရေးလို့ မလန့်သွားပါနဲ့ဦးနော်... စလုံးက သူငယ်ချင်းဘော်ဘော်တွေအတွက် အသုံးဝင်မဲ့ website လေးတစ်ခု အကြောင်းပြောချင်လို့ပါရှင့်။ အခုနေတဲ့အိမ်မှာ အဆင်မပြေလို့ပဲဖြစ်ဖြစ်... ရန်ကုန်က မိတ်ဆွေမောင်နှမတွေ စလုံးလာမှာမို့လို့ နေစရာရှာရင်ပဲဖြစ်ဖြစ်... အခန်းရှာ အိမ်ရှာရင် ခေါင်းပူရတယ်ဟုတ်? အထူးသဖြင့် မြန်မာအိမ်တွေ ရှာမယ်ဆိုရင် အသိအိမ်တွေလိုက်မေးရ... သူငယ်ချင်းတွေဆီ sms ပို့မေးရ... peninsula သွားပြီး ဒေါ်သန်းသန်းနုဆိုင်က စာအုပ်တွေသွားမွှေရနဲ့ လုံးချာနေရော... ကျွန်မကိုယ်တိုင်လည်း ဒီလိုအိမ်ရှာရတဲ့ ပြဿနာလေးတွေ ကြုံဖူးတော့ အခက်အခဲလေးတွေကို သိနေတယ်။
ဒါပေမဲ့ နောက်ပိုင်းကျတော့ မြန်မာအိမ်ရှာတဲ့ website လေးတွေ ပေါ်လာရော... shweroom တို့ shwesaneain တို့ဆို စလုံးက မြန်မာအတော်များများသိကြမှာပါ... တော်တော်ကိုလည်း အဆင်ပြေစေတဲ့ website လေးတွေပါ.. အခုအဲ့ဒီwebsite လေးတွေလိုပဲ အသုံးဝင်ပြီး လွယ်လွယ်ကူကူနဲ့ မြန်မာအိမ်ရှာလို့ရတဲ့ websie လေးတစ်ခု ထပ်ရှိပါသေးတယ်...
အဲ့ဒီ website လေးက စတာ မကြာသေးတဲ့အတွက် လူသိတော့နည်းနည်း နည်းသေးတယ်ရှင့်.. ဒါပေမဲ့ တကယ်ကို သုံးရတာအဆင်ပြေတယ်... ကြော်ငြာတွေက တစ်ခုနဲ့တစ်ခုထက်မနေဘူး။ ဥပမာ.. တခါတလေ.. ကြော်ငြာတဲ့လူတစ်ယောက်တည်းကပဲ စာမျက်နှာတစ်ခုလုံး သူ့ကြော်ငြာကြီးပဲဖြစ်အောင်လို့ ဒါမှမဟုတ် ရှေ့ဆုံးစာမျက်နှာမှာပဲ အမြဲရှိနေအောင် ဆိုပြီး အများကြီး ကော်ပီ ပေ့စ် လုပ်ပြီးတင်ထားတာမျိုး တွေ့ဖူးကြမှာပါ... အဲ့လိုဆို အနည်းနဲ့အများတော့ စိတ်အနှောင့်အယှက်ဖြစ်ကြရတယ်..ဒီwebsite လေးမှာတော့ အဲ့ဒါမျိုးလုံးဝမရှိဘူး ... ပြီးတော့ ကြော်ငြာတော်တော်များများကလည်း ဖုန်းဆက်ပြီး မေးစရာမလိုလောက်အောင် အချက်အလက်ပြည့်ပြည့်စုံစုံရေးပေးထားတော့ အချိန်ကုန်လူပင်ပန်းသက်သာတာပေါ့ရှင်..

အော် ပြောဖို့ကျန်သေးတယ်... စလုံးမှာ property agent လုပ်နေကြတဲ့ ကိုကိုမမ ဦးဦးဒေါ်ဒေါ်တို့အတွက်လည်း အဆင်ပြေအောင် လုပ်ပေးထားသေးတယ်။ အိမ်ကြော်ငြာ ပို့စ်၅၀ပြည့်အောင် အရင်ဆုံးတင်တဲ့သူ ၃ဦးကို ငါးလတိတိ Agent ကြော်ငြာကို အခမဲ့ကြော်ငြာပေးဦးမတဲ့.. မိုက်တယ်ဟုတ်..

ဒီနေရာကနေ အဲ့ဒီ website လေးကို သွားကြည့်လို့ရပါတယ်ရှင်.. နာမည်က www.ishareflat.com ပါ.. Bookmark တောင်လုပ်ထားသင့်ပါတယ်...သူ့ရဲ့ facebook page လေးလည်း ရှိပါတယ်..ဒီနေရာလေးက သွားပါရှင့်.. အခါအခွင့်သင့်ရင် သွားရောက်လည်ပတ် Like လုပ်နိုင်ကြပါတယ်ရှင်..

ကျွန်မအခုလို ကြော်ငြာပေးလို့ ပိုက်ပိုက်ရတယ်လို့တော့ မထင်ကြပါနဲ့ရှင်... ကျွန်မရဲ့ ကိုယ်ပိုင်website လည်း မဟုတ်ရပါ.. သူငယ်ချင်းတစ်ယောက်ရဲ့ website လေးကို သုံးကြည့်တာ အဆင်ပြေလို့ တပြားတချပ်မှကို မယူဘဲ လက်အညောင်းခံပြီး ကြော်ငြာပေးတာပါရှင့်.. အားလုံးကို အဆင်ပြေစေချင်တဲ့ စေတနာအရင်းခံလေးနဲ့ပါ...=]

အားးးးးးးးးးးးလက်တကယ်ညောင်းပီ... ဒီမှာတင်ရပ်ကြောင်း :D