Showing posts with label ရုပ်ရှင်. Show all posts
Showing posts with label ရုပ်ရှင်. Show all posts

Wednesday, March 11, 2009

Coming Soon


ကဲ.. ရင်ခုန်ရတာမှ ကြိုက်ပါတယ်ဆိုတဲ့ ကိုကိုမမ မောင်လေးညီမလေး ဦးဦးဒေါ်ဒေါ် ဘဘအန်တီ အန်ကယ်ကြီးဒေါ် ဖိုးဖိုးဖွားဖွား( အမ်မလေး..မောပါ့တော်) တို့အတွက် ထိုင်းသရဲကားအသစ်စက်စက်လေး Coming Soon ကို ဒီမှာ ကြည့်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

ဇာတ်လမ်းအကျဉ်း။ ။ This movie will scare you from the second you step inside the movie theatre..

It will get you wondering if Something or Someone might be waiting for you to let your guard down. The horror movie that you just saw is about to happen to you in real life! Coming Soon....

ကဲ စောင်ကိုခေါင်းမြီးခြုံ နေကာမျက်မှန်တပ် စပီကာကို mute လုပ်ပြီး ဇိမ်ရှိစွာ အိမ်မှာ ကြည့်ကြပါစို့။ ။ :P


Wednesday, March 4, 2009

လတ်တလော ကြည့်ဖြစ်တဲ့ ကြည့်ချင်တဲ့ ရုပ်ရှင်များ

ကြည့်ဖြစ်တဲ့ ရုပ်ရှင်ကားများ

The Curious Case of Benjamin Button

တကယ့်ကို ကြည့်သင့်တဲ့ ကားလေးပါ။ တော်တော်များများတော့ ကြည့်ပြီးကြပြီလို့ထင်ပါတယ်။ ရုပ်ရှင်ပိုစတာမှာ ရေးထားတဲ့အတိုင်း "I was born under unusual circumstances" ဆိုတာလေးကို ဖတ်မိတာနဲ့ ဘယ်လိုဇာတ်လမ်းမျိုးလဲဆိုတာ ရိပ်မိကြမှာပါ။ လူသာမန်တွေလို အသက်ငယ်ရာကမကြီးပဲ အသက်ကြီးရာကငယ်သွားရတဲ့ သူ့ဘ၀ကို ဖြတ်သန်းပုံ၊ သူနဲ့သူ့ချစ်သူတို့ရဲ့ လေးစားလောက်တဲ့ ချစ်ခြင်းမေတ္တာတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ အထူးသဖြင့် Benjamin (Brad Pitt)ပြန်ငယ်သွားပြီး သူ့သမီးနဲ့ ရွယ်တူနီးနီးဖြစ်သွားတဲ့အချိန် သူ့မိန်းမနဲ့ သမီးကို ပြန်လာကြည့်တဲ့ အခန်း၊ ဒီထက်ပိုငယ်သွားပြီး ၆နှစ်၇နှစ်အရွယ်မှာ သူ့မိန်းမက သူ့ကိုသားတစ်ယောက်လို ပုံပြောပြပြီးချော့သိပ်တဲ့အခန်း၊ နောက်ဆုံး သူ့မိန်းမက အသက်၆၀ကျော်အဖွားကြီး ဖြစ်နေတဲ့ အချိန် သူက ၁နှစ်သားလောက် ဖြစ်ပြီး သူ့မိန်းမပေါင်ပေါ်မှာ အိပ်နေတဲ့ အခန်းတွေဆို ကျွန်မမျက်ရည်တောင် ၀ဲပါတယ်။ ဇာတ်လမ်းကောင်းကောင်းနဲ့ကြည့်ပြီးရင် ရင်ထဲတစ်ခုခုကျန်ခဲ့မှ ကြိုက်တယ်ဆိုတဲ့ ကိုကို၊မမ၊ဒေါ်ဒေါ်၊ဦးလေးတို့ လက်မလွှတ်သင့်ပါဘူး။ ဒီရုပ်ရှင်က မိတ်ကပ်အကောင်းဆုံးဆုကို ရခဲ့တယ်လို့လဲ ဆိုပါတယ်။ Slumdog Millionaire လောက် မကောင်းဘူးလို့ ပြောကြပေမဲ့ ဟိုကားကို ကျွန်မ မကြည့်ရသေးတဲ့ အတွက် ဒီကားက အတော်ကောင်းတယ်လို့ ပြောပါရစေ။

Boys Before Flowers
ဒါကတော့ လူငယ်ဇာတ်လမ်းလေးတွေ ကြည့်ချင်တယ်၊ ပေါ့ပေါ့ပါးပါးနဲ့ ရိုမန်တစ်ဖြစ်တာလေးကို ကြည့်ချင်ပါတယ်ဆိုတဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ပါလို့ ညွှန်းပါရစေ။ ဒီကားက မူရင်း Hana yori Dango ဂျပန်ကားကို ကိုရီးယားversion နဲ့ ပြန်ရိုက်ထားတာပါ။ ဒီကား မတိုင်မီက Meteor Garden ဆိုပြီး ထိုင်ဝမ် Version နဲ့ ရိုက်ထားတာလည်း တော်တော်များများ ကြည့်ဖူးပြီးဖြစ်မှာပါ။ ကျိကျိတက်ချမ်းသာတဲ့ သူဌေးသားလေးနဲ့ သာမန်Dry Cleaning ဆိုင်လေးဖွင့်ထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ ထိုင်ဝမ်Version ကြည့်ပြီးသားဆိုတော့ ဇာတ်လမ်းကို ကြိုသိပေမဲ့လည်း ကြည့်လို့ကောင်းဆဲပါ။ အတော်ကို စွဲတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

ကြည့်ချင်တဲ့ ရုပ်ရှင်ကားများ

My Bloody Valentine
မဂ္ဂဇင်းထဲမှာ ကြော်ငြာတွေ့ထဲက အတော်ကြည့်ချင်တာပါ။လူသတ်ကားတဲ့။ သို့သော်ငြား ရုပ်ရှင်ရုံရောက်တော့ အဲ့ကားကြည့်မလားလို့ သူငယ်ချင်းများကို ဆွယ်တော့ သူတို့က သတ္တိကောင်းကြပါတယ်။ ရုပ်ရှင်ပြီးရင် မိုးမှောင်ပြီ။ အိမ်ပြန်ရင် ကြောက်စရာကြီးတဲ့။ တခြားကားကြည့်ပါတဲ့။ အော်..အဖော်နဲ့ပြန်တဲ့ သူတို့က ဒီလိုပြောမှတော့ တစ်ယောက်ထဲ သင်းချိုင်းနားက ပြန်ရတဲ့ ကျွန်မ ပြောစရာစကားမထွက်လာတော့ ။ :D အဲ့တော့ ပိုစတာကို ငမ်းပြီးပဲ တခြားကားကြည့် ပြန်လာခဲ့ရသည်။ နောက် ရုပ်ရှင် download ပြီးတဲ့လူတွေဆီကပဲ တောင်းကြည့်ရတော့မဲ့ဘ၀။


Coming soon(Thai Horror)
ပိုစတာ ကြည့်တာနဲ့ အသည်းချမ်းစရာကြီးပါ။ ဒါပေမဲ့ သရဲကားကြိုက်တဲ့ ကျွန်မအကြိုက်ပါပဲ။ ဒါရိုက်တာကလည်း နာမည်ကြီး ထိုင်းသရဲကား(Shutter, Alone,4bia)တွေကို ရိုက်တဲ့ ဒါရိုက်တာဆိုတော့ ကောင်းမှာအမှန်ပဲ။ သူငယ်ချင်းတွေက မေးကြပါတယ်။ နင် မိန်းကလေးတန်မဲ့ သရဲကားတွေ လူသတ်ကားတွေ အဲ့လောက်ကြည့်ချင်ရလားတဲ့။ မကြောက်ဘူးလားတဲ့။ အမှန်ပြောရရင်တော့ ကြောက်ပါတယ်.. :D သရဲဆိုလည်း အင်မတန်ကြောက်ပါတယ်။ ဒါပေမဲ့ ကြည့်လည်းကြည့်ချင်ပါတယ်။ အဲ့တော့ ရုပ်ရှင်ရုံရောက်ရင် သရဲပေါ်လာပြီဆို မျက်လုံးမှိတ်ပြီး သရဲကားကြည့်ပါတယ်။ အိမ်မှာ တစ်ယောက်ထဲကြည့်ရင်တော့ speakerကို mute လုပ်ပြီးကြည့်ပါတယ်။ အဲ့လို သတ္တိရှိတဲ့ သတ္တိခဲပါ။ :P ဒီ coming soon ဆိုတဲ့ ကားကိုလည်း အဖော်ကောင်းလျှင် သွားကြည့်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နို့မို့ရင်တော့ online ပေါ်ရောက်မှပဲ အသံပိတ်ကြည့်ရတော့မှာပေါ့ကွယ်။

Friday, December 5, 2008

MISS NO GOOD

ဒီတလော ထိုင်ဝမ်ကားတွေ ကြည့်ု့ဖြစ်တယ်.. ကိုရီးယားကားတွေထက်စာရင် ပိုကြည့်ကောင်းသလိုပဲ..အဓိက က ပိုရယ်ရလို့ ..ပြီးတော့ ပိုပြီးရိုမန်တစ်ဖြစ်တယ်လို့  ထင်တာပဲ..ကိုရီးယားကားတွေက အစပိုင်းကောင်းတယ်..ရယ်ရတယ်..ဒါပေမဲ့ နောက်ပိုင်းတွေက တဖြေးဖြေးပျင်းဖို့ ကောင်းလာရော..ငိုလဲငိုရတယ်..မင်းသမီး က ကင်ဆာနဲ့ သေလိုက်..
မင်းသားနဲ့ ကွဲလိုက်နဲ့ ..စိတ်ကိုမချမ်းသာဘူး..relax ဖြစ်အောင်ရုပ်ရှင်ကြည့်တယ်ဆိုမှ ငိုနေရမှတော့ ဘယ်လိုလုပ် relax ဖြစ်မှာတုန်း..ဟုတ်တယ်ဟုတ်.. အဲ့တော့ ရယ်ရတဲ့ ကားပဲကြည့်တယ်..ဟီး

ဟိုနေ့ ကား တရုတ်ကား ကြည့်ချင်စိတ်ပေါက်လာတာနဲ့  www.mysoju.com မှာသွားမွှေကြည့်တော့ MISS NO GOOD ဆိုတဲ့ကားသစ် တွေ့ တယ်။ မင်းသား မင်းသမီး ဘယ်သူလဲကြည့်လိုက်တော့ အီဖေကိုယ် အကြိုက်တွေဖြစ်နေတာနဲ့  episode 1 ကို စကြည့်တော့ တော်တော်ရယ်ရတယ်ဗျို့ ။ ပါးစပ်ကိုမပိတ်ရဘူး.. အခုဆို ကြည့်တာ episode13 ရောက်ပြီ။ အဆုံးထိမထွက်သေးတော့ ကြည့်ရတာတော့ ဆန့် တငင်နဲ့ .. ဟင့်..

ဇာတ်လမ်းလေးက အဓိက ဇာတ်ကောင်မင်းသား(Tang Men)က ထိုင်ဝမ်က popular အဖြစ်ဆုံး stylist တစ်ယောက် ..မိန်းကလေးတစ်ယောက် ကိုယ့်ဟာကိုယ်မမှတ်မိနိုင်လောက်အောင် လှသွားအောင် လုပ်ပေးနိုင်တဲ့ magic hands လို့ တောင်တင်စားခေါ်ကြတယ် ..ဒါပေမဲ့ အားနည်းချက်က တအားဒေါသကြီးတယ်။ မင်းသမီး(Xiao Hua)က Fancy အလှအပ ပစ္စည်းဆိုင် ဖွင့်ထားပေမဲ့ fashion taste လုံးဝမရှိတဲ့ christmas tree လို တကိုယ်လုံးအရောင်စုံ မျက်စိနောက်လောက်အောင် ၀တ်တတ်ပြီး စိတ်သဘောကောင်းတဲ့ ကောင်မလေးတစ်ယောက်။ ဒုတိယမင်းသား(Jia Se Le)က တအားချမ်းသာတဲ့ သူဌေးသား.. မင်းသမီးရဲ့ ငယ်သူငယ်ချင်း.. ငယ်ငယ်ကတည်းက မင်းသမီးကို ကြိုက်ခဲ့တယ်..နောက် ဒုတိယမင်းသမီး(Jiang Mi) က Jia Se Le နဲ့ ၊လူကြီးချင်း သဘောတူထားတဲ့သူ..
သူတို့ လေးယောက်ရဲ့ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်း..

ပိုက်ဆံမချမ်းသာဘူး ..ရုပ်မလှဘူး.. ဒါပေမဲ့ ရှိသမျှနဲ့  ရောင့်ရဲတတ်ပြီး ဘယ်ကိစ္စမဆို အကောင်းဖက်ကတွေးတတ်တဲ့ Xiao hua ..
ပွင်းလင်းတယ်..ခံစားချက်ကို မဖုံးကွယ်တတ်ဘူး... စိတ်ထဲရှိတဲ့အတိုင်းဆက်ဆံတယ်..
ဘ၀ကိုအမြဲတမ်း ပေါ့ပေါ့ပါးပါးနဲ့  ဖြတ်သန်းတယ်..
သူ့ ကိုမသိတဲ့လူတွေက သူ့ အပြောအဆို အမူအရာ ကိုကြည့်ပြီး အဆင့်တန်းနိမ့်တယ်လို့  ထင်တဲ့လူကထင်ကြတယ်..
ဒါပေမဲ့ သူ နဲ့ အနီးကပ်ပေါင်းကြည့်တဲ့သူတိုင်း သူ့ ရဲ့ ပွင့်လင်းမှု ၊ ဖြူစင်မှုကို ချစ်ကြတယ်..
အဓိက က သူကသူ့ ဘေးနားက လူတွေအားလုံး ကို ပျော်အောင်လုပ်ပေးနိုင်တယ်..
သူနဲ့ အတူတူရှိ နေတဲ့ အချိန်တိုင်း စိတ်ဖိစီးမှုဆိုတာ လိုက်ရှာတောင်တွေ့ မှာမဟုတ်ဘူး။
ဒါကြောင့် မင်းသားနှစ်ယောက်လုံးက xiao hua ကိုပိုင်ဆိုင်ရဖို့ အပြိုင်ကြိုးစားကြပါလေရော..ဒါပေမဲ့ ဆိုးတာက သူတို့ နှစ်ယောက်ကလဲ သိပ်ချစ်တဲ့ သူငယ်ချင်းနှစ်ယောက်။ ဒါပေမဲ့ အချစ်နဲ့ ပတ်သတ်ရင် သူငယ်ချင်းဆိုတာရော ရှိသေးပါ့မလား။ အဲ...သိချင်ရင်တော့ ကိုယ့်ဟာကိုယ်ဆက်ကြည့်ပေတော့။ စာရေးရတာ လက်ညောင်းလာလို့ ..ဟီး

တကယ်ကောင်းတဲ့ ဇာတ်လမ်းတွဲလေး ပါ.. စိတ်ညစ်တဲ့ အခါကြည့်ကြည့်ပေါ့.. စိတ်ညစ်တာတွေအကုန်ပျောက်သွားလိမ့်မယ်..