ကျွန်မ ကြောင်တွေကို ချစ်ပါတယ်။ ကျွန်မ ရန်ကုန်က အိမ်မှာဆို ကြောင်၃ကောင်တောင်ရှိတယ်။ ကြောင်တွေကို ခွေးထက်စာရင် ပိုချစ်ဖို့ကောင်းတယ် ထင်တာပဲလေ။ ဒါပေမဲ့ မနေ့ကစပြီးတော့ ကြောင်တွေကို တော်တော်အမြင်ကပ်သွားတယ်။ အကြောင်းရင်းကို ပြောရမှာတော့ နည်းနည်းရှက်ဖို့လည်း ကောင်းတယ်။ ရယ်ဖို့လည်းကောင်းတယ်။
အဖြစ်ကတော့ ဒီလိုဗျို့။ မနေ့က ကျောင်းမှာ စာသွားလုပ်တယ်။ တနင်္ဂနွေနေ့ဆိုတော့ ကျောင်းမှာ foodcourt တွေ ဖွင့်ဘူး။ ဒါနဲ့ နေ့လည်စာ စားချိန်ရောက်တော့ clementi သွားစားမယ်ပေါ့။ အဲ့တာကို စာတူတူလုပ်တဲ့ သူငယ်ချင်းက အပြင်မှာသွားစားရင် အချိန်ကုန်တယ် စာလုပ်ချိန်လျော့သွားမယ်။ ကျောင်းမှာပဲ delivery မှာစားရအောင်ဆိုတာနဲ့ KFC မှာစားဖြစ်တယ်။ စာလုပ်တဲ့ နေရာမှာ မုန့်စားလို့ မရတော့ တခြားနေရာမှာ စားဖို့နေရာရှာတယ်။ အစက cafe ရှေ့က စားပွဲမှာသွားစားမယ်ပေါ့။ ဒါပေမဲ့ သူငယ်ချင်းက အဲ့မှာနေရှိန်တယ်ဆိုပြီး ရစ်နေတာနဲ့ နောက်ဆုံး T12 အောက်က စားပွဲမှာ သွားစားဖြစ်တယ်။ အဲ့မှာ ပြဿနာစတော့တာပဲဂျို့။ အဲ့နေရာမှာ ဘယ်ကမှန်းမသိတဲ့ ကြောင်တစ်ကောင် ရောက်နေတယ်။ အမဲရောင်၊ အမြီးက လည်း တိုတိုလေး၊ ပုံစံကိုက အချိုးမပြေဘူး။ ဟိဟီ။ ကျွန်မတို့ အဲ့နေရာရောက်တော့ ကြောင်က ကြက်ကြော်အနံ့ရလို့ ထင်တယ်။ ချက်ချင်း အနားကို ရောက်လာတယ်။ စားပွဲအောက်နားမှာ တညောင်ညောင်နဲ့ အစာမျှော်နေတာပေါ့။ ကျွန်မတို့လည်း သနားသွားတယ်။ အင်း ငါတို့စားပြီးရင် အရိုးလေးတွေ ကျွေးလိုက်ရင် ကောင်းမလားပေါ့။ တော်တော် သဒ္ဓါတယ်နော်။ ဟီး။ ဒီလိုနဲ့ ကြက်သားဘူးကို ဖွင့်ပြီး ၀ါးတီးစဖွင့်တာပေါ့။ အဲ့မှာ ကိုယ်တော်ချောက တညောင်ညောင်နဲ့ အဆက်မပြတ်အော်ပါလေရော။ ဘေးက လူတွေတောင် လှမ်းကြည့်တယ်။ ဒါပေမဲ့ သူအော်တာ ပါးစပ်သွားပိတ်ထားလို့မှ မရပဲ။ အဲ့တော့ ကိုယ့်ဟာကို ဆက်စားနေတာပေါ့။ အဲ့ဒီမှာ ကိုရွှေကြောင်က အော်ရုံအားမရလို့ ထင်တယ်။ သူ့လက်လေးနဲ့ ထိုင်ခုံကို ပုတ်ပြီး ကျွန်မသူငယ်ချင်းဆီက အစာတောင်းတယ်။ သူက မောင်းထုတ်တယ်။ ကိုရွှေကြောင်က ပေကပ်ကပ်နဲ့။ ခုံပေါ်အထိ တက်လာတယ်။ ဟိုတစ်ယောက်က လက်နဲ့ ပုတ်ချတယ်။ ခဏပဲ။ ပြီးရင် ပြန်တက်လာတာပဲ။ ကျွန်မက သူကြက်ကြော် နှစ်တုံးနဲ့ ကြောင်တစ်ကောင်နဲ့ ပတ်ချာလုံးနေတာကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာပေါ့။ ကွိ။ တော်တော်အားကိုးရတဲ့ သူငယ်ချင်းပဲနော်။ :P
မကြာပါဘူး။ ကိုရွှေကြောင်က ကျွန်မ အေးအေးချမ်းချမ်းနဲ့ စားနေတာကို ကြည့်မရဘူး ထင်ပါ့။ စားပွဲပေါ် လွှားကနဲတက်ပြီး ကျွန်မဖက် ကူးလာတယ်။ ကျွန်မလည်း ရုတ်တရက်ဆိုတော့ လန့်သွားတယ်။ လန့်သွားပြီးတော့ လက်ထဲက ဘာဂါကို တင်းတင်းဆုပ်ထားတယ်။ လုစားမှာကြောက်လို့။ :D ပြီးတော့ ခြောက်ပြီးမောင်းထုတ်ကြည့်တယ်။ မရဘူးဆရာ။ ထိုင်ခုံကို ပေတေပြီး ထိုင်နေတယ်။ အဲ့ဒါနဲ့ ကျွန်မလည်း သူနဲ့ နည်းနည်းဝေးဝေးသွားပြီး ဘာဂါကို ဆက်စားတယ်။ ကိုရွှေကြောင်က လိုက်လာတယ်ဆရာ။ ညောင်ညောင်နဲ့ အော်တာလည်း နားတောင် ညီးတယ်။ ဘေးနားမှာလည်း စာလုပ်နေတဲ့ တခြားကျောင်းသားတွေက ကြည့်ပြီးရယ်နေကြတယ်။ ကျွန်မလည်း နည်းနည်းတောင် ရှက်လာတယ်။ နေရာပြောင်းဖို့ကြတော့လည်း ၂ယောက်လုံးက လက်တွေလည်း ပေနေတယ်။ စားနေရင်းတန်းလန်းဆိုတော့ ပြောင်းဖို့အဆင်မပြေဘူး။ ကိုရွှေကြောင်ရန်က လွတ်ဖို့ မြန်မြန်စားမှပဲ ရမယ်။ ကြောင်က လည်း ကျွန်မသွားလေရာ လိုက်နေတယ်။ စဉ်းစားကြည့်ပါ။ကျွန်မအဖြစ်ကို။ ဘာဂါလက်ကျန်တစ်ဝက်နဲ့ ဟိုဘက်လမ်းလျှောက် ဒီဘက်လမ်းလျှောက် စားရတဲ့ ဘ၀။ ဟိုစားပွဲမှာ ပြန်ထိုင်စားလို့က မဖြစ်တော့။ ကိုရွှေကြောင်က တစ်ချက်ချက် လှမ်းလှမ်းဟပ်ချင်သေးတယ်။ကျွန်မ သူငယ်ချင်းရဲ့ ကြက်ကြော်နှစ်တုံးကိုတော့ လုံးဝမနှောင့်ယှက်တော့။ ဟိုကိုယ်တော်က ဇိမ်နဲ့ ကြက်ကြော် အပီကိုက်နေတာပေါ့။ ဟင့်။ အစားနှေးတဲ့ ကျွန်မ လုံးဝစိတ်မရှည်တော့။ လက်ထဲမှာ ကျန်တဲ့ ဘာဂါတစ်ပိုင်းကို ပါးစပ်ထဲ အတင်းထိုးထည့်။ ပက်စ်စီနဲ့ မျောချ။ နင်တောင်နင်တယ်။ ဘာဂါမရှိတော့ ကြောင်က အရိုးထည့်ထားတဲ့ ဘူးကို လိုက်ဆွဲသေးတယ်။ ဘယ်ကမ္ဘာထဲက အစာပြတ်နေလည်း မသိပါဘူးဗျာ။ စင်ကာပူမှာ ကြောင်လာဖြစ်ရတာ အတော်ကံဆိုးရှာတယ်။ ရန်ကုန်က ကြောင်တောင် သူ့လောက်ငတ်မှာဟုတ်ဘူး။ နောက်ဆုံးတော့ အရိုးဘူးကို ပြန်ဆွဲလု၊ အမှိုက်ပုံးထဲ ပစ်ထည့် ကိုရွှေကြောင်ကို တာ့တာပြလို့ အသာလစ်ထွက်ခဲ့ပါတယ်။ ဒီတစ်ခါစားရတဲ့ KFC ကတော့ စစ်မြေပြင်မှာ စားရသလိုပါပဲ။ ပြေးရလွှားရနဲ့ သည်းထိတ်ရင်ဖို စားလိုက်ရတယ်။ နောင်များမှာတော့ အစားအသောက်စားမယ်ဆိုရင် T12အောက်ကို ယောင်လို့တောင် သွားဖြစ်တော့မှာမဟုတ်ပါဘူး။ :D

7 comments:
သြ... သနားစဖွယ် နှမငယ်။ :P
ကြောင်လေးမှာလည်း ကံဆိုးရှာတယ်။ အကြင်နာတရား မရှိတဲ့ ပုဂ္ဂိုလ်နဲ့ လာတွေ့ရတယ်လို့...
ဒါတောင် ပိတ်ကန်ချင်စိတ် ပေါက်တာ မနည်းသည်းခံရတယ်။ တော်ကြာ ဘေးကလူတွေက င်္ဒီကောင်မလေး လူကြည့်တော့ သနားကမားနဲ့ အကြင်နာတရားကင်းမဲ့လိုက်တာဆိုပြီး... ဟိ :D
လူကြည့်တော့ သနားကမားတဲ့
လူကြည့်တော့ ထတီးချင်စရာ
လုပ်ရပ်ထပ်ကြည့်တော့ ပိတ်ကန်ချင်စရာဖြစ်ရမှာ
ဟဲဟဲ
မရေးတတ် ရေးတက်မို့ မှားလျှင်ခွင့်လွှတ်ရန် :P
အေးလေ. သိတ်ဆိုးတာဘဲ နဲနဲ လောက် ဟိုဘက် ကကြက်ရိုးလေး လှမ်းတောင်းလိုက်တာ မဟုတ။် ဟိုတစ်ယောက်ကလည်း အရိုးပါမချန်. နျလုံးသားကို မရှိ.။ တို့သာကြောင်ဆိုရင်အဲဒီလူကို ကုန်းကိုက်လိုက်မှာဘဲ။
ရုပ်က ထတီးချင်စရာရုပ်ဆိုတာ ကိုယ့်ဟာကိုယ်သိပါတယ်ရှင်...မမြင်ဖူးတဲ့လူတွေကို ဖောကြည့်တာပါ.. ^_^
အရိုးကလည်း ကျွေးဖို့ စဉ်းစားထားပါသော်လည်း ကြောင်ကိုအမြင်ကတ်သွားသည့်အတွက်... :P
ခွေးတွေော့င်တွေ မကြိုက်ဖူး
နောက်တစ်ခါ delivery မှာရင် ကြောင်ဖို့ပါထည့်မှာလိုက်
Post a Comment