Wednesday, June 10, 2009

ဝါးတီး

ကျွန်မလည်း ဒီဘလော့လေးကို ပစ်ထားမိတာ တစ်လတောင် ကျော်သွားပြီ။ လာလည်တဲ့လူတွေကိုလည်း ပြန်မနှုတ်ဆက်နိုင်။ လာမန့်တဲ့လူတွေကိုလည်း ပြန်ရီပလိုင်းမလုပ်မိနဲ့။ အကြောင်းရင်းကတော့ ဒီရက်ပိုင်း ဘာတွေအလုပ်ရှုပ်လို့ ရှုပ်နေမှန်းမသိအောင် ရှုပ်နေလို့ပါ။ (ရှင်းပြမှ ပိုရှုပ်သွားသလိုပဲ =D ) အမှန်တော့ အလုပ်ချိန်တွေက ကိုးလို့ကန့်လန့်ဖြစ်နေတာရယ် ပြီးခဲ့တဲ့လက ဘွဲ့ယူဖို့ ပြင်ဆင်တာရယ် အိမ်ကမိသားစုအလည်လာရင် နေဖို့ စီစဉ်ရတာတွေနဲ့ လုံးလည်ချာလိုက်နေလို့ပါ။ ။

ဒီတစ်ခါ ကျွန်မဘွဲ့နေ့အတွက် အဖေ အမေနဲ့ မောင်လေးတို့ လာကြတယ်။ ကျွန်မနေတဲ့အိမ်မှာ လာနေဖို့က မဖြစ်နိုင်တော့ အိမ်အသည်းအသန်ရှာရတယ်။ အစကတော့ အခန်းကျယ်တစ်ခန်းပဲ ငှားပြီးနေမယ်ပေါ့။ နောက်တော့ အကြံတစ်ခုရသွားတယ်။ တစ်အိမ်လုံးငှားပြီးနေမယ်။ မီးဖိုချောင်ပါသုံးလို့ရတဲ့အိမ်ရှာမယ်။ အမေလာရင် အမေ့လက်ရာလေးတွေ ချက်ကျွေးခိုင်းမယ်ဆိုပြီး။ အကြံပိုင်တယ်ဟုတ်?

နောက်ဆုံးတော့ Bukit Batok မှာငှားဖြစ်သွားတယ်။ ဈေးမဆစ်တတ်လို့ နည်းနည်းများသွားတာကလွဲရင် အားလုံးအဆင်ပြေပါတယ်။ မီးဖိုချောင်ဆို အိုးခွက်ပန်းကန် အပြည့်အစုံလည်း ထားပေးထားတယ်။ ကျွန်မက စလုံးအိမ်ရှင်နဲ့နေတာဆိုတော့ မြန်မာစာသိပ်မစားရပါဘူး။ သူတို့ချက်တဲ့တရုတ်စာတွေပဲ နေ့တိုင်းစားရပါတယ်။ ကိုယ့်ဟာကိုယ်ချက်ခွင့်မရှိပါဘူး။ အဲ့တော့ မြန်မာအစားအသောက်စားချင်ရင် စီးတီးဟောသွားမှသာ စားဖြစ်တာပါ။မာမားကလည်း ကျွန်မစားချင်သမျှကို မညီးမညူချက်ကျွေးရှာပါတယ်။ အမေ့ကျေးဇူး တယ်လည်းကြီးသကိုးနော်။

ဒါလေးတွေကတော့ လွယ်လွယ်ကူကူချက်စားဖြစ်တာလေးတွေပါ။ နောက်လည်း ဓါတ်ပုံပြန်ကြည့်ပြီး သွားရေယိုလို့ ရအောင် တစ်ခါတည်း ရိုက်ထားတာ။ချက်တာတော့ များသောအားဖြစ် အကြော်တွေပဲ ကြော်ဖြစ်တယ်။ အပြင်က ပြန်လာရင် အားလုံးပင်ပန်းနေတာမို့ လွယ်လွယ်ကူကူဟာတွေပဲ ချက်ပြီး မိသားစုလက်ဆုံ စားဖြစ်တယ်။
အားလုံး ၀အောင် စားသွားကြနော်။ အားမနာနဲ့။ မ၀ရင် အိမ်ကို ပါဆယ်ထပ်ထုပ်သွား။ :)
စာကြွင်း။ ။မာမားက မပြန်ခင်တော့ ပြောသွားပါတယ်။ ခရီးထွက်လာတာ နားရမလားမှတ်တယ်။ ခုတော့ သမီးကောင်းမှုကြောင့် မီးဖိုချောင်ဝင်နေရတယ်တဲ့။ ဟိဟိ


15 comments:

Phyo Maw said...

သမီးက ဖြစ်အောင်တော့ မချက်တတ်ဘူး။
ဟူး... ခေတ်ခလေးတွေ ရင်လေးတယ်။ :P

နွေးနေခြည် said...

မကြိုက်တာ တခုမှမပါဘူး
အကုန်စွဲသွားပြီးး)

pm.. ခေတ်ကလေးတွေကို ရင်လေးရင်... ခေတ်ဟောင်းက မမတွေကိုရှာပါး)

ZT said...

ဘာတွေတုန်း ပြန်လာပြီ ဆိုတဲ့ ပို့စ်ပေါ့။ အားမငယ် ပါနဲ့လေ။ ဒီခေတ်မှာ မချက်တတ်တဲ့သူ အတော်များပါတယ်။

ဘာတွေတုန်း said...

သို့ ပီအမ် => ကြက်ဥတော့ ကြော်တတ်ပါတယ်ဟယ်။ instant noodle လည်း လုပ်တတ်တယ် ဟွန့်

သို့ မမနေခြည်=> ဆွဲတော့ ဆွဲမသွားပါနဲ့နော်..မီးမီးကြောက်ကြောက်
ပီအမ်ကို ပြောတာ သဘောတူတယ်။ ခေတ်ဟောင်းက မမတွေကို ရှာပါ အမောင်ပီအမ်.. :)

သို့ ကိုဇက်တီ=> ပြန်လာတဲ့အကြောင်းကို အစားအသောက်ပို့စ်နဲ့ သတင်းပို့တာ.. :P

မိုးခါး said...

စားချင်တယ်
ပီအမ်
နေခြည်ပြောသလိုပဲ :P

Moe Cho Thinn said...

ငါးခူကြော်နဲ့ ပဲပြုတ်ဆီဆမ်း ထမင်းလေး စားသွားပြီ။ ကောင်းလိုက်တာ..

Unknown said...

ဦးဖြိုးမော်ရှင့်
ခုခေတ်ခလေးတွေ ထမင်း။ဟင်း မချက်တက်ပေမယ့်
chat တော့ ကောင်းကောင်း ကျွမ်းပါတယ်။
ဟုတ်တယ်နော်
သရဲမမ :)
ချပီးခေါ်တာနော် ချိတ်ဆိုးနဲ့
mamber ၀င်မယ်ဟေ့ မချက်တက်တဲ့ Group

Harry said...

ဟီး.. မိသားစုဟင်းများ တယ်မိန်၏။ ဗိုက်တောင်ဆာလာပြီ။ ဂလု.. =D

မြစ်ကျိုးအင်း said...

ငါးကြော်စားချင်တယ်

ဘာတွေတုန်း said...

သို့ မမမိုးခါး=>စားချင်ရင် အပီသာဆွဲမမ အားနာနဲ့

သို့ မိုးချို=>ကန်ဇွန်းရွက်ကြော်နဲ့ ဆေးဘဲဥကြော်တော့မစားသွားဘူးပေါ့လေ

သို့ မမမိုင်ဒိုင်ယာရီ=>စက်ရက်တယ် စက်ရက်တယ်..သရဲမမတဲ့...၀ါးးး ၀ါးးးး

သို့ ဟယ်ရီ=>သိပ်မှန်တာပေါ့ မိသားစုထမင်းလောက်မိန်တာ မရှိဘူး။ ဒါနဲ့ ဗိုက်ဆာရင် ဂလုလို့ အသံထွက်တယ်လား..

သို့ မြစ်ကျိုးအင်း=>ငါးကြော် စားချင်စားသွားလေ.. အလကားကျွေးတာပါ.. ပိုက်ဆံလိုက်မတောင်းဘူး။ စိတ်ချ

su myat said...
This comment has been removed by the author.
Justin said...

Just saw this post at 1am. So hungry for my supper now :x

min that thant said...

great !

Unknown said...

စားချင်တယ်

8Yar said...

ပဲပြုတ်ထမင်းဆီဆမ်းကို အရမ်းကြိုက်တယ်။ မျက်လုံးနဲ့စားလိုက်ရတော့ နဲ့နဲ့တော့ အလွမ်းပြေသွားပါတယ်။ ကျေးဇူးပါ။