Tuesday, February 17, 2009

တွေးမိတွေးရာ

"လူတစ်ယောက်က game တစ်ခုကို ကစားတဲ့ အခါ အဆင့်တစ်ဆင့်အောင်ပြီး နောက်တစ်ဆင့်တက်ရဖို့ကိုပဲ အာရုံထားတယ်။
အောင်ပြီးတဲ့ အဆင့်တွေကိုတော့ အပျင်းပြေ ကစားရုံလောက်ပဲ သဘောထားတော့တယ်။ "
လူတစ်ယောက် ပြောဖူးတဲ့စကားပါ။

လောကကြီးက တကယ်အဲ့လိုပဲလား။ ရလိုက်တဲ့အရာတွေ ရပြီးသားအရာတွေက တန်ဖိုးလျော့သွားတတ်တယ်လား။ လူတိုင်းက အသစ်မြင် အဟောင်းမေ့ ပဲလား။

3 comments:

@tMozzis said...

ကြက်ဥကျတော့ ရပြီးသားကိုတောင် ခွဲပစ်မှ တန်ဖိုးရှိတယ်လေ။

တီချမ်း said...

ဟင့်အင်း သဘောတူဘူး
တို့ကတော့ ချစ်သူအဟောင်းကိုတောင်
နှလုံးသားအသစ်နဲ့ချစ်ဖို့ကြိုးစားခဲ့သူပါ
(ဒါပေမယ့် မအောင်မြင်ခဲ့ဘူး ဟိ လျောက်ပြောနဲ့နော်)

ဘာတွေတုန်း said...

to ATM=> ဟုတ်ပါတယ်။ ကြက်ဥကတော့ ချွင်းချက်ပေါ့နော့။:P
to အန်တီချမ်း=>ဒါက ရှေးပညာရှိအဆို။ သဘောမတူလို့ မရဘူး။ (ခွိခွိ..အမှန်တော့ အသက်၂၀အရွယ် ဘိုးတော်ကြီးတစ်ယောက် ပြောဖူးတာ.. ပြန်ရေးတာ:P)