Tuesday, April 7, 2009

အတိတ်က သင်္ကြန်နေ့စွဲများ


ဓါတ်ပုံကို ဒီက ယူပါတယ်။
ဘာလိုလိုနဲ့ သင်္ကြန်တောင် တော်တော်နီးလာပြီ။ ဒါပေမဲ့ ဒီနှစ်သင်္ကြန်ဆိုတဲ့ အရာက ကျွန်မနဲ့ လုံးလုံးမဆိုင်သလိုပဲ။ သင်္ကြန်ရက်အားလုံးကို အဓိပ္ပာယ်မဲ့စွာ အလုပ်ထဲမှာပဲ ဖြတ်သန်းရဦးမယ် ထင်ပါတယ်။ ကျွန်မသင်္ကြန်ရေမစိုတာ ဒီနှစ်ဆို ၅နှစ်မြောက်ရှိပြီ။ ဒီနှစ်ဆိုရင် ရန်ကုန်ကို တအားပြန်ချင်တာပဲ။ ရေလည်း တအားကစားချင်တယ်။ သင်္ကြန်သီချင်းတွေ သင်္ကြန်ရုပ်ရှင်ကားတွေကြည့်ပြီးရင် အဲ့ရောဂါက ပိုဆိုးလာရော..

သေချာစဉ်းစားကြည့်ရင် လူမှန်းသိတတ်စအရွယ်ထဲက ခုထိ သင်္ကြန်ကို ပီပီပြင်ပြင်မကဲဖူးသေးဘူး။ ရေပက်ခံတောင် မောင်နှမ၀မ်းကွဲတွေနဲ့ပဲ ထွက်ဖူးတယ်။ သူငယ်ချင်းတွေနှင့် မသွားဖူးဘူး။ မန်းဒပ်လည်း အိမ်က မောင်နှမတွေနဲ့ပဲ ထိုင်ဖူးတယ်။ သြော် ဘ၀ကဆိုးပါတယ်။

၂၀၀၅- ၁၀တန်းပြီးတဲ့နှစ် တမိသားစုလုံး ခရီးထွက်ဖြစ်တော့ သင်္ကြန်လွတ်ခဲ့တယ်။
၂၀၀၆- နောက်တစ်နှစ်တော့ ဒီစင်ကာပူဆိုတာကြီးကို ရောက်လာ။ ရန်ကုန်သင်္ကြန်နဲ့ ပိုဝေးဖို့အကြောင်းဖြစ်လာ။၏
၂၀၀၇- ပိုလီ ပထမနှစ်ပြီးတော့လည်း မပြန်ဖြစ်။ part time လုပ် ပိုက်ပိုက်ရှာ။
၂၀၀၈- ပိုလီဒုတိယနှစ်ပြီးတော့လည်း industrial training ဆိုတာကြီးက ၂လ ဆင်းရပြန်တော့ ရန်ကုန်မပြန်ဖြစ်ပြန်။
၂၀၀၉- သြော် ပိုလီ ပြီးသွားပြီ။ကျောင်းပြီးရင် ရန်ကုန်ပြန်လို့ ရပြီဆိုပြီး အားခဲထားသမျှ သဲထဲရေသွန်ဖြစ်ပြန်ပြီ။ ပီအာရ် လျှောက်လို့ ရအောင် အလုပ်ကို အသည်းအသန်ရှာ၊ အလုပ်တော့ ရပါပြီတဲ့။ သင်္ကြန်မပြန်ဖြစ်ပြန်ဘူး။

သင်္ကြန်ဆိုရင် အထက်တန်းကျောင်းမှာတုန်းက အတန်းတင် စာမေးပွဲကြီးပြီးတဲ့နေ့ ရေလိုက်လောင်းတာ အမှတ်ရတယ်။ တအား ပျော်ဖို့ကောင်းတာပဲ။ ဆရာမတွေက စာမေးပွဲ မပြီးခင် လွယ်အိတ်တွေ လိုက်စစ်ပြီး ရေဘူးတွေထဲက ရေတွေသွန်ဖြစ်တယ်။ ဒါပေမဲ့မရပါဘူး။ ကျောင်းရှေ့က မုန့်ဆိုင်တွေမှာ သောက်ရေသန့်ဘူးတွေ ၀ယ်ပြီး လိုက်လောင်းတာ။ ခုတော့လည်း ဒါတွေနဲ့ တဖြေးဖြေး ဝေးလာပြီ။ အသက်တွေရလာပြီဆိုတော့လေ။ :)

ဘာရယ်မဟုတ်ပါ။ သင်္ကြန်အကြောင်း စိတ်ထဲပေါက်သမျှ ချရေးမိခြင်းသာ။ ။


8 comments:

yehtutnaung said...

အနာဂတ် သင်္ကြန်ပွဲတွေ ဆင်နွှဲနိုင်ပါစေဗျာ :)

Phyo Maw said...

ရေပက်ခံတောင် မောင်နှမ၀မ်းကွဲတွေနဲ့ပဲ ထွက်ဖူးတယ်။ သူငယ်ချင်းတွေနှင့် မသွားဖူးဘူး။ မန်းဒပ်လည်း အိမ်က မောင်နှမတွေနဲ့ပဲ ထိုင်ဖူးတယ်။ သြော် ဘ၀ကဆိုးပါတယ်။

ဂလိုပြစကားတွေ မြင်ရင် ဘယ်လို ဇာတ်တွေဖြစ်လာမယ် ဆိုတာသိသား။ ရှင်းရှင်းပြောလိုက်ပြီးရော သည်းလေးနဲ့ လည်လည်ထွက်ချင်တယ်တို့ ရေပက်ချင်တယ်တို့ ဘာညာပေါ့။ ကျွတ်ကျွတ်.... ဘ၀ကဆိုးပါတယ်။

:P

နွေးနေခြည် said...

သင်္ကြန်မှာ ကဲဖို့ဝါသနာမပါပေမယ့် သူများတွေကို ကြည့်ပြီး အပျော်တွေ ကူးစက်ခံချင်တယ်။ ဒီနှစ်ကတော့ သင်္ကြန်နဲ့ ပထမဆုံးခွဲဖူးခြင်းပဲ။

PM တယောက်လည်း သူလုပ်ချင်တာတွေ ဘာဘာ ကွန်းမန့်ထဲထည့်ရေးသွားပါလား။

Phyo Evergreen said...

ရေးထားတာ သိုသိုလေး

ဘာတွေတုန်း said...

သို့ နေညိုရင်=> ပေးတဲ့ဆုနဲ့ ပြည့်စေသောဝ်
သို့ ကိုဖျော်မိုး=> ဘာဘာရေးထားတာ သူငယ်ချင်းတွေနဲ့ မသွားဖူးလို့ သူတို့နဲ့ သွားချင်တဲ့ သဘောရေးထားတာ။ မမနေခြည်တောင်သိတယ်.. သည်းလေးတွေနဲ့ ကဲဖို့ဆိုတာ ဖျော်မိုးလုပ်ချင်တာတွေ လူသိအောင် ကြော်ငြာ်သွားတယ်ဆိုတာ..

သို့ မမနေခြည်=>ခုမှ သင်္ကြန်နဲ့ ခွဲဖူးတာပေါ့.. ကံကောင်းလိုက်တာနော်..

သို့ ဖြိုးအဲဗားဂရင်း =>စိတ်ထဲမှာ သိုသိုပဲပေါ်သည့်အတွက် ဒီလောက်ပဲရေးနိုင်တာ သည်းခံတော်မူပါရှင်:)

ZT said...

အော်။ သူလည်း SP က ပါလား။

တီချမ်း said...

ရေလာလောင်းမယ် ကွယ်

George Oranos said...

for me thingyan is juz a festival of Myanmar traditional... i hv no feeling for that.. i dun hate and i dun love. but i'm same with u, until now i hvn't tried out for thingyan. and still now i dun wanna out for thingyan... thingyan is the best and longest holiday for me when i was Ygn.. now thingyan is juz only in calendar. (nthg so special juz wanna type smthg...)