Sunday, April 12, 2009

နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေ

မနက်ဖြန်ဆို သင်္ကြန်တောင် ကျပြီနော်။ အားလုံးကို ပျော်ရွှင်စရာ မြန်မာနှစ်သစ်လေးဖြစ်ပါစေလို့ ဒီဘလော့လေးကနေ ဆုတောင်းပေးလိုက်ပါတယ်နော်။ စိတ်ညစ်စရာတွေ ပြဿနာတွေ မပျော်ရွှင်စရာတွေအကုန်လုံးကို သင်္ကြန်ရေနဲ့အတူ နှစ်ဟောင်းမှာထားခဲ့နိုင်ကြပါစေ။ စိတ်သစ် လူသစ်နဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေရှင်။ ။

ဒီရက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ဘလော့မှာ ပို့စ်အသစ်တွေ မှန်မှန်မတင်နိုင်ခဲ့ပါဘူး။ ဖတ်စရာ ဘာအသစ်မှ မရှိပေမဲ့ အသစ်များရှိလေမလားလို့ လာလာကြည့်ကြတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးလည်းတင် အားလဲနာမိပါတယ်ရှင်။ ကျွန်မ ဘလော့ရေးတာလေးကို ခဏတဖြုတ်ရပ်ထားပါဦးမယ်။ ဘယ်နှစ်ရက် ဘယ်နှစ်လရယ် မဟုတ်ပါဘူး။ တစ်ရက်သော်လည်းကောင်း တစ်ပတ်သော်လည်းကောင်းပဲ ဖြစ်နိုင်ပါတယ်။ ရေးချင်စိတ် ပြန်ပေါ်လာရင် ပြန်ရေးမှာပါ။ အခုလောလောဆယ်တော့ စိတ်တွေက နေလို့မကောင်းပါဘူး။ စာရေးချင်စိတ်လည်း ပျောက်နေတဲ့ အတွက်ပါ။



နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေ။ ။

5 comments:

Phyo Maw said...

မုန်တိုင်းကျပြီးတိုင်း သီချင်းဆို မပျက်တဲ့ ငှက်ကလေးများကို အတုယူပါ...

အဆိုးတွေ တွေးနေတာထက် စိတ်ချမ်းသာဖို့ စကားတိုတို ဒါမှမဟုတ် စာတိုတိုလေးတွေ ဖတ် မှတ်ပြီး စိတ်သက်သာရအောင် နားနေလိုက်ပါကွယ်...

စာတွေဖတ်ရင်း ပြောချင်တဲ့အခါ စာတွေပြန်ရေးပါ။ :D

ZT said...

အစ်ကို့တုန်းကတော့ လာကြည့်တဲ့သူတွေ အားနာလို့ ပို့စ်အသစ် မတင်သေးပါလို့ မနက်ကပဲ ကြေငြာတယ်။ ညနေကျတော့ အသစ်တက်သွားတာပဲ။ ဟီးဟီး။

နွေးနေခြည် said...

စိတ်အဟာရပြည့်အောင်လုပ်ပြီး အားပြန်ပြည့်လာရင်တော့ ပြန်ရေးပါ.. အားပေးနေပါတယ်

PAUK said...

နှစ်သစ်မှာပျော်ရွှင်ပါစေ..

My Diary said...

ပို့သမှုကြောင့် ပျော်ရွင်နေပါတယ်