Thursday, April 30, 2009

တုပ်ကွေး - Swine influenza


တုပ်ကွေးတွေ စင်ကာပူမှာတော့ မဖြစ်သေးဘူးထင်တယ်။ ဒါပေမဲ့ ရောဂါဖြစ်တဲ့ နိုင်ငံတွေက ပြန်လာတဲ့လူတွေရှိတော့ ဒီကလူတွေလည်း တော်တော်သတိထားနေကြပြီ။ ကျွန်မအလုပ်လုပ်တဲ့ ဆေးခန်းမှာဆို ဒီနေ့က စပြီးတော့ face mask တွေ ၀တ်ခိုင်းပါတယ်။ သူဝတ်ခိုင်းတဲ့ mask ကြီးက အပေါ်ပုံကဟာပေါ့။ အဲ့ဒါဝတ်ပြီးရင် လူလည်း ဂြိုလ်သားပုံ ပေါက်ရော။ ၀တ်နေမကျလို့လားတော့ မသိဘူး။ အသက်ရှူလည်း ကြပ်တယ်။ ပုံထဲမှာပါတဲ့ အပြာရောင်အ၀ိုင်းလေးက လေ၀င်လေထွက်အပေါက်။ ပုံစံက အောက်စီဂျင်ပေးရတဲ့လူနာတွေ ၀တ်ရသလိုမျိုး။ ဆရာဝန်ပြောတာတော့ အဲ့ဒီmaskက တခြားmask တွေထက် ပိုစိတ်ချရတယ်တဲ့။ တစ်ခုကို ၈နာရီလောက် သုံးလို့ရတယ်။ ဘယ်မှာဝယ်လို့ရလည်းတော့ မသိဘူး။

အရင်က ဆေးခန်းမှာ တုပ်ကွေးကာကွယ်ဆေးထိုးလို့ရတယ်။ ဒါပေမဲ့ ဘာလို့လည်း မသိဘူး။ ဒီနေ့က စပြီး တုပ်ကွေးကာကွယ်ဆေးထိုးလို့ ရလားမေးရင် no stock တဲ့။ လာလာမေးကြတဲ့ လူတွေလည်း အတော်များပါတယ်။

ဒီနေ့ဆို ဆေးခန်းကိုလာတဲ့ လူနာတွေထဲမှာ တုပ်ကွေးဖြစ်လို့ လာပြတဲ့လူဆိုရင် queue number ပေးပြီးတာနဲ့ ဆေးခန်းအပြင်မှာပဲ ပေးထိုင်ပါတယ်။ အထဲမှာ ပေးမထိုင်ရပါဘူး။ အခုအချိန်မှာ တုပ်ကွေးဖြစ်တဲ့လူတွေရဲ့ ဘ၀က ဆိုးပါတယ်။ swine flu ဟုတ်ဟုတ် မဟုတ်ဟုတ် ဆေးခန်းမှာ ခွဲခြားခွဲခြားဆက်ဆံခံရပါတယ်။ ဆရာဝန်ပြောတဲ့အရဆိုရင် တုပ်ကွေးဖြစ်သူ ၃ယောက်မှာ ၁ယောက်က swine flu ဖြစ်နိုင်ပါတယ်တဲ့။

ပြီးတော့ ဒီရက်ပိုင်း overseas က ပြန်လာလို့ flu ဖြစ်တဲ့လူတွေဆို ကျွန်မတို့ ဆေးခန်းက လက်မခံပါဘူး။ ဆေးရုံတွေကိုသာ တန်းသွားခိုင်းရပါတယ်။

ဒါကတော့ လက်ရှိစင်ကာပူမှာ ဖြစ်နေတဲ့ swine flu နဲ့ ပတ်သက်တဲ့ ကျွန်မသိသလောက်လေးတွေ ပြန်ရေးလိုက်တာပါ။ ဖြစ်နိုင်ရင် လူများတဲ့ နေရာတွေ သွားရင် face mask ကို သုံးပါ။ သုံးရတာ ကြောင်တယ် ထင်ရင် အနည်းဆုံးတော့ လက်ကိုင်ပ၀ါလေးဆောင်ထားပါ။ သူများတကာတွေ ချောင်းဆိုး နှာချေရင် ကာကွယ်လို့ရတာပေါ့။

စာကြွင်း ။ ။ mask ၀တ်ပြီး ရိုက်ထားသောပုံကို တင်မည်ဟု စိတ်ကူးထားသော်လည်း ကြည့်ပြီးသည့် လူများ နောက်တစ်ခါမလာတော့ရင် ဘလော့counter မတက်တော့မှာ ဆိုးသည့် အတွက်ကြောင့် လည်းကောင်း၊ ဘာတွေတုန်းသည် မည်သည့်ဂြိုလ်မှ လာသော ဂြိုလ်သားဖြစ်သနည်း၊ အီးတီနဲ့ မောင်နှမလားဟု မေးခံရမှာစိုးသောကြောင့် လည်းကောင်း မတင်တော့ခြင်းဖြစ်သည်။


10 comments:

နွေးနေခြည် said...

ဟုတ်ကဲ့ပါ ချာရာမး)
ကျေးဇူး ဘာဘာရေ

ဘာဘာရဲ့ mask ကတော့ တကယ်ကို ဂြိုလ်သားပုံပေါက်မယ့် ပုံပဲး)
စလုံးမှာ mask တွေကုန်သွားပြီ ၀ယ်လို့မရတော့ဘူးလည်း ကြားတယ်။
တခုကို ၁ဒေါ်လာဖြစ်နေပြီတဲ့။

သီဟသစ် said...

ဘာဘာရေ..

mask လေးဝတ်ပြီး ဓါတ်ပုံရိုက်တင်ပါဗျို့..

မိုးခါး said...

ဘာဘာပုံမတင်ပေးလဲ မှန်းကြည့်လိုက်ပါတယ် .. :D

Nyi Maung said...

မျက်လုံးပြူးနဲ့ ဂြိုလ်သား အီးတီလေး ဘာဘာ.

ဘာတွေတုန်း said...

သို့ မမနေခြည်=> mask u၀ယ်လို့တော့ ရဦးမယ် ထင်တယ်။ ခက်တာက ဘယ်မှာဝယ်ရမလဲသိဘူး ဟီးး

သို့ ကိုသီဟသစ်=> တစ်ခါတည်း ပို့စ်မှာ စာကြွင်းဆိုပြီး ရီပလိုင်းလိုက်ပီနော် .. အဟဲ

သို့ မမမိုးခါး => မှန်းကြည့်လိုက်တော့ ဘာမြင်လဲ .. mask တပ်ထားတဲ့ ကိုရီးယားမင်းသမီးလေး ဘာဘာကို မြင်တယ်ဟုတ် :)

သို့ ကိုညီမောင် =>ရက်စက်ပါ့

Phyo Maw said...

အော်...

KEM said...

ပလုပ်တုတ်။
ဘာဘာ ဆိုပါလား။ !o!

Mogok Thar said...

ဘာဘာ mask ကာ ပုံလေး ကြည့်ချင်ပါသည်။ ဂြိုလ်သားကို မမြင်ဖူးသောကြောင့် တူမတူ မသိနိုင်ပါ။

Unknown said...

ဘာဘာ Swine Flu စာမိတွားတာလားဟင်...
G မှာလဲမတွေ့ ....

Unknown said...

HELLO ET

E T .. E T ... Et

:P ..