
ကောင်းကျိုး
၁)semester တစ်ခုလုံး သင်သမျှစာများကို သေသေချာချာဖတ်ဖြစ်စေသည့်အတွက် စာတတ်စေသည်။ (ဟုထင်မှတ်ရသည်။)
၂) စာမေးပွဲနီးလေ ဘုရားပိုရှိခိုးဖြစ်လေ..ဆရာ ဆရာမ များကို မေတ္တာပို့ဖြစ်သဖြင့် ကုသိုလ်ရသည်။ :D
ဆိုးကျိုး
၁) စိတ်ဖိစီးမှုပေးသည်
၂) ထို့အတွက်ကြောင့် လူကို ရုပ်ဆိုးစေသည် (ဥပမာ ..၀က်ခြံပေါက်လာခြင်း)
၃) လူကို ၀စေသည် (စာလုပ်ရင် energy ကုန်သည့်အတွက် များများစားရသည်.. )
၎) အိပ်ရေးပျက်စေသည့်အတွက် ကျန်းမာရေးကိုလည်း ထိခိုက်စေသည်။
၅) ညတွင် ကျောင်းတွင် စာမပြီးသည့်အခါ နောက်ဆုံးဘတ်စ်ကို မမှီသည့်အတွက် taxi နှင့် ပြန်ရသည်။ ထို့ကြောင့် ပိုက်ဆံကုန်သည်။
၆) မိတ်ဆွေအပေါင်းအသင်းများနှင့် တွေ့ဆုံပွဲများလည်း မသွားနိုင်သဖြင့် လူမှုရေးကို ထိခိုက်စေနိုင်သည်။
၇) ကျောင်းနှင့်အိမ်မှအပ ဘယ်မှမသွားဖြစ်သဖြင့် ပြင်ပလောကနှင့် အဆက်ပြတ်ရသည်။(ဥပမာ.. သူများတကာတွေ ဘယ်ရုပ်ရှင်ကတော့ဖြင့် ဘယ်လိုကောင်းတယ် ..ဟိုမှာတော့ဖြင့် ဘာပစ္စည်းတွေ ဘယ်လိုဈေးချနေတယ်ဟုပြောရင်လည်း ..ဟုတ်လားဟု ပြောရုံကလွဲပြီး ကိုယ်နဲ့မဆိုင်သလိုနေရသည့် ဒုက္ခလည်း ကြီးသည်။)
ဆက်စဉ်းစားရင် ဆက်ရှိနိုင်သေးသည်။
ကဲ... ဒါတွေကို ကြည့်တာနဲ့ စာမေးပွဲဆိုသည့်အရာက ကောင်းလား ဆိုးလားဆိုတာ သိသာနေပြီ ထင်ပါရဲ့... ဟီးး
ထပ်ဖြည့်ချင်တဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေရှိရင်လည်း ကွန်မန့်မှာ လွတ်လပ်စွာရေးသွားနိုင်ပါ၏..
ထပ်ဖြည့်ချင်တဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေရှိရင်လည်း ကွန်မန့်မှာ လွတ်လပ်စွာရေးသွားနိုင်ပါ၏..
(ပေါက်ကရ စိတ်ထဲပေါ်တာလေးတွေ ချရေးထားခြင်းသာ ဖြစ်ပါကြောင်း...) :D

7 comments:
Finally a new post! :P
ဆိုးကျိုးတွေများလှချည်လား :P
hehe haha hoho
new post =)
btw, sar ma lote chin woooooooooooooooooo
စာမေးပွဲ ရှိရင် စာမေးပွဲ ရှိတာ မတွေးဘူး။ စာမေးပွဲ ဘယ်တော့ ပြီးမလဲ ဆိုတာပဲ တွေးတယ်။ စိတ်ချမ်းသာတာပေါ့။
နောင်ဘ၀အတွက်ပါရမီဖြည့်ပြီးသားဖြစ် တာပေါ့၊ နောင်ဘ၀ကျသိပ်ကျက်စရာမလိုတော့ဘူးပေါ့။ ဟုတ်ဘူးလား။
ဘာအလုပ်မှလုပ်စရာမလိုဘူးလေ စာမေးပွဲကြီးပဲလှိမ့်ဖြေနေ။ အေးတာပဲ။ ပင်ပန်းတယ်ဆိုပြီး ဘာမှလုပ်ပေးနဲ့ ပြီးတော့ စာမေးပွဲပြီးတာနဲ့ လိုချင်တာအကုန် တမုန်းဝယ်စမ်း။
Post a Comment