Sunday, January 4, 2009

အပြစ်ရှိတဲ့ ချစ်ခြင်း ၃


ညနေ ကျနော် စိမ်းလန်းစိုပြည် ကို ရောက်တော့ သူမကရောက်နှင့်နေတယ်။ ကျနော်မျက်နှာပျက်နေတာတွေ့တော့ သူမစိုးရိမ်တကြီးမေးတယ်။
"ကို့မျက်နှာမကောင်းပါလား..ဘာဖြစ်လို့ လဲ"
"သိမ်မွေ့ကို ကိုယ်မေးစရာတစ်ခု ရှိတယ်။ ကျေးဇူးပြုပြီး အမှန်အတိုင်းဖြေပေးပါကွာ..ကိုယ်တောင်းပန်ပါတယ်။"
"ကို..ဘာတွေဖြစ်နေတာလဲကွာ..သိမ်မွေ့ရင်တွေတောင်တုန်လာပြီ။"
"ဇော်ဇော်ဆိုတာ ဘယ်သူလဲ။ ကိုယ် အမှန်အတိုင်းပဲ ကြားချင်တယ်။"
သူမ မျက်နှာတော်တော် ပျက်သွားသည်။
"အင်း...ကိုယ်အဲ့ဒီ ကိစ္စကို သိပြီးနေပြီထင်တယ်။ ခုမှတော့ ဖုံးထားစရာ အကြောင်းလည်းမရှိတော့ပါဘူး..ကို့ကို အကြောင်းစုံ ရှင်းပြမယ်။ ကို ဘာမှမပြောပဲ သိမ်မွေ့ ပြောတာတွေ ကို ဆုံးအောင်နားထောင်ပေးနိုင်မလား။"
"အိုကေလေ။ "
"ဇော်ဇော်ဆိုတာ အမှန်တော့ သိမ်မွေ့အစ်ကို မဟုတ်ပါဘူး.. သိမ်မွေ့နဲ့ လက်ထပ်ထားတဲ့ သိမ်မွေ့ရဲ့ အမျိုးသားပါ။ သူ့ကို သိမ်မွေ့ရဲ့ဆန္ဒမပါဘဲ မိဘတွေ စီစဉ်မှုနဲ့  လက်ထပ်ခဲ့ရတယ်။ ဇော်ဇော်အဖေက သိမ်မွေ့ဖေဖေနဲ့ စီးပွားလုပ်ဖက်တွေပါ။ သိမ်မွေတို့မိသားစု အပေါ်လည်း သူတို့ရဲ့ ကျေးဇူးတွေ မကင်းပါဘူး။ဇော်ဇော်က သိမ်မွေ့ကို ချစ်ရေးဆိုဖူးပါတယ်။ဒါပေမဲ့ သိမ်မွေ့ သူ့ကို သဘောမကျဘူး။ ဖေဖေက သိမ်မွေ့နဲ့ဇော်ဇော်ကို သဘောတူနေတယ်။ သူနဲ့သိမ်မွေ့ ကို စေ့စပ်ထားချင်တဲ့ အကြောင်း
သူတို့ဘက်က ကမ်းလှမ်းတယ်။ သိမ်မွေ့အစက အတန်တန်ငြင်းပါတယ်။ ဒါပေမဲ့ ဖေဖေက သူ့အဖေရဲ့ ကျေးဇူးတွေ ဖေဖေ့အပေါ်တော်တော်များနေပြီ..သူစိတ်ချမ်းသာအောင် လိုက်လျောပေးပါတဲ့..နောက်ဆုံးတော့ ဖေဖေ့ဆန္ဒကို လိုက်လျောခဲ့တယ်။ ဖေဖေ မနှစ်က ရုတ်တရက် ဦးနှောက်သွေးကြောပျက်ပြီး ဆုံးတယ်။
သိမ်မွေ့လည်း ဘာမှမလုပ်တတ်မကိုင်တတ်နဲ့ကျန်ခဲ့တယ်။ ဇော်ဇော်တို့ သားအဖကပဲ အစစ ကူညီခဲ့တယ်။ကိစ္စတွေပြီးတော့ သူက သိမ်မွေ့ကို လက်ထပ်ထားချင်တယ်ဆြိုပီးတောင်းဆိုလာတယ်။ ကျေးဇူးအကြွေးတွေ ပိနေတဲ့ သိမ်မွေ့လည်း နောက်ဆုံးသဘော တူခဲ့တယ်။ ဒါပေမဲ့ လက်ထပ်ပြီးတဲ့ နေ့ကစပြီး သိမ်မွေ့ တစ်ရက်မှ မပျော်ခဲ့ရပါဘူး။ ဇော်ဇော်က မိန်းမပွေတယ်။ အရက်သောက်တယ်။ အရက်မူးရင် သိမ်မွေ့ကို ပြဿနာအမြဲရှာတယ်။ တစ်ခါတစ်လေ လက်ပါတဲ့ အထိပဲ။ အဲ့လိုမျိုး စိတ်ဆင်းရဲမှုတွေနဲ့ ပြည့်နေတဲ့ သိမ်မွေ့ဘ၀က ကို့ ကြောင့် ပြန်ပြီး စိုပြည်လာတယ်။ သိမ်မွေ့ ကို့ကို တကယ်ချစ်တာပါ။ ဇော်ဇော်ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး..ချစ်လို့လဲမရဘူး။ ကို့ကို ဒီအကြောင်းတွေ ဖွင့်ပြောဖို့ သိမ်မွေ့အကြိမ်ကြိမ် ကြိုးစားပါတယ်။ ဒါပေမဲ့ ဘယ်လို မှပြောမထွက်ခဲ့ဘူး။ ဒီအကြောင်းတွေ သိသွားရင် ကိုနဲ့ သိမ်မွေ့ ဝေးသွားမှာလည်း အရမ်းကြောက်တယ်။ လက်ထပ်ပြီးသားမိန်းမတစ်ယောက်အနေနဲ့ အဲ့လို မျိုးမလုပ်သင့်ဘူးဆိုတာ သိမ်မွေ့သိလျက်နဲ့  မှားခဲ့ပါတယ်။ သိမ်မွေ့ ဘာလုပ်သင့်လဲ။"

ကျနော် အတန်ကြာ သိမ်မွေ့ကို ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ ကျနော်စိတ်တွေ တအားရှုပ်နေတယ်။ ကျနော် ကာမပိုင်ရှိတဲ့ မိန်းမတစ်ယောက်ကို ချစ်မိတာပါလား။ ကျနော် ဘာလုပ်သင့်လဲ။ သေချာတာ တစ်ခုကတော့ သိမ်မွေ့ ကို ကျနော့်ဘ၀နဲ့ ထပ်တူထပ်မျှ ချစ်တယ်။ သူမကို ကျနော် လက်လွှတ်အဆုံးရှုံးမခံနိုင်ဘူး ။ ဒါပေမဲ့ လက်ထပ်ပြီးသား မိန်းမတစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေတာ လူ့အသိုင်းအ၀ိုင်းကတော့ အိမ်ထောင်ရေးဖောက်ပြန်မှုလို့ပဲ ယူဆမှာပဲ။ ကျနော်စိတ်တွေ ထူပူနေလို့ သိမ်မွေ့ကို စိမ်းလန်းမှာ ထားခဲ့ပြီး ကျနော် အိမ်ပြန်ခဲ့တယ်။

အဲ့ဒီနေ့ ညမှာပဲ ဇော်ဇော်ဆီက ဖုံးထပ်လာတယ်။
"ဟယ်လို.. နေမင်းလား။ ကိုယ် ဇော်ဇော်ပါ။မင်းကိုယ့်ကို မှတ်မိမယ်ထင်ပါတယ်...မင်းကို ကိုယ်သတိပေးခဲ့တယ်...သိမ်မွေ့နဲ့ ကင်းကင်းနေပါလို့ ။ ဒါပေမဲ့ မင်းတို့ နှစ်ယောက်ကို ဒီနေ့ ညနေက စိမ်းလန်းစိုပြည်မှာ တွေ့ ခဲ့တယ်လို့ ကိုယ့်လူတွေဆီက သတင်းရတယ်။ ကာမပိုင်ရှိတဲ့ မိန်းမတစ်ယောက်နဲ့ ချိန်းတွေ့တဲ့ အလုပ်က မိကောင်းဖခင်သားသမီးတွေ အလုပ်မဟုတ်ဘူးဆို တာ မင်းနားလည်မှာပါ။ မင်းဘက်က ရှေ့ဆက်တိုးအုံးမယ်ဆိုရင်တော့ ငါမင်းကို မယားခိုးမှုနဲ့ တရားစွဲရလိမ့်မယ်။ငါ့ဖက်က ပြောချင်တာတော့ ဒါပဲ။ ကျန်တာတော့ မင်းဦးနှောက်နဲ့ မင်းစဉ်းစားပါ။"
ကျနော် ခေါင်းတစ်ခုလုံး ပူထူနေတယ်။ ကျနော်အားလုံးနဲ့ အဝေးဆုံးကို ခဏလောက်ထွက်သွားချင်တယ်။ သိမ်မွေ့ ကျနော့်ကို ဘာလို့လိမ်ရတာလဲ။ ဘာလို့ ဒီလောက်အရေးကြီးတာကို ဖုံးကွယ်ထားရတာလဲ
သိမ်မွေ့ အဲ့ဒီနေ့ က ဘာမှ မစဉ်းစားတော့ပဲ အိပ်ရာဝင်ခဲ့တယ်။ နောက်နှစ်ရက်လုံး အပြင်မထွက်၊ဘယ်သူ
နဲ့ လည်း အဆက်အသွယ်မလုပ်ပဲ နေခဲ့တယ်။ နောက်ဆုံး အဖြေတစ်ခုပဲ ရခဲ့တယ်။ ကျနော် သိမ်မွေ့ နဲ့ သူငယ်ချင်းလိုပဲ ဆက်နေသွားတာအကောင်းဆုံးပဲလို့။ သိမ်မွေ့ ကိုလည်း ပတ်ဝန်းကျင်အမြင်မှာ ဖောက်ပြန်တတ်တဲ့ မိန်းကလေးတစ်ယောက်မဖြစ်စေချင်ဘူး။
သုံးရက်မြောက်နေ့မှာ ကျနော်သိမ်မွေ့ကို ဖုံးခေါ်ခဲ့တယ်။ သူမဖုံးပိတ်ထားတယ်။ ညီမလေးကို အကူအညီတောင်းပြီး သူမအိမ်ဖုံးခေါ်ကြည့်တယ်။ မရှိဘူးလို့ပဲ ပြောလွှတ်လိုက်တယ်။ သင်တန်းကိုလဲ သူမ မလာတော့ဘူး။
နောက်ဆုံး မှာတော့ သိမ်မွေ့အစ်မ ၀မ်းကွဲဆီက သတင်းရတယ်။ သိမ်မွေ့ကို ဇော်ဇော်က အိမ်ထဲက အိမ်ပြင်ပေးမထွက်တော့ဘူးတဲ့ ။ သင်တန်းတွေ လည်းအကုန်ပေးမတတ်တော့ဘူး ။ အိမ်မှာပဲ နေပြီး အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် နေရမယ်တဲ့။ ပြီးတော့ ကလေးယူရမယ်တဲ့..အစက သိမ်မွေ့က ငယ်သေးလို့ ကလေးမယူသေးဘဲ သိမ်မွေ့ကို လွတ်လွတ်လပ်လပ်ပေးနေခဲ့တယ်။ အခုကိစ္စတွေ ဖြစ်ပြီး ပြဿနာတွေလည်းတက်၊ လွတ်လပ်ခွင့်တွေလည်း အကုန်ပိတ်လိုက်တယ်တဲ့။
ကျနော် သိမ်မွေ့ကို သိပ်တွေ့ ချင်တာပဲ။ သူမလဲ ကျနော်ကို တွေ့ ချင်နေမှာ ကျနော်သိတယ်။ အခုက တွေ့ဖို့မပြောနဲ့ ..ဖုံးပြောဖို့တောင် မလွယ်တော့။ ကျနော် အရဲစွန့်ပြီး သူမအိမ်ရှေ့နေ့တိုင်းသွားကြည့်တယ်။ လေးရက်မြောက်နေ့မှာ ၀ရံတာမှာ ထွက်ပြီးငေးနေတဲ့ သူမကို တွေ့ လိုက်တယ်။ သူမကို လှမ်းခေါ်လိုက်တော့ လှည့်ကြည့်တယ်..သူမပျော်သွားတဲ့ ပုံကသိသာပါတယ်။ဒါပေမဲ့ ဇော်ဇော်ပါ ၀ရံတာထွက်လာတယ်။ ကျနော်ကို တွေ့တော့ သိမ်မွေ့ကို အတင်းအိမ်ထဲဆွဲသွင်းသွားတယ်။ ကျနော်ကြောင့် သူမတို့ ပြဿနာထပ်ဖြစ်မှာ သေချာတယ်။ ကျနော့်ကြောင့်နဲ့ သိမ်မွေ့ထပ်စိတ်မဆင်းရဲစေချင်တော့ဘူး။ ကျနော် သူမကို ထပ်သွားမတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီကြားထဲ သူမကျနော်ဆီတစ်ခါ ဖုံးဆက်ရှာပါတယ်။ ကျနော့်ကို လွမ်းတဲ့ အကြောင်းတွေ ။ သူမအိမ်မှာဖြစ်တဲ့ ပြဿနာတွေ အကြောင်းပြောပြတယ်။ သူမစကားအဆုံးမှာ ကျနော်ဆုံးဖြတ်ချက်ကို သူမကို ပြောလိုက်တယ်။
"သိမ်မွေ့..ကိုယ်တို့ လမ်းခွဲကြစို့ ။ ဒါကိုယ်တို့ နှစ်ယောက်အတွက် အကောင်းဆုံးရွေးချယ်မှုပဲ။ ဒါပေမဲ့ ကိုယ်ဟာမင်းအတွက် အမြဲတမ်းသူငယ်ချင်းအဖြစ်နဲ့ ရှိနေမှာပါ...။"
သူမဖက်က အသံငြိမ်ကျသွားတယ်။ ရှိုက်သံသဲ့သဲ့ထွက်လာတယ်။ သူမငိုနေတယ်။ သူမအရမ်းခံစားရမယ်ဆိုတာ ကျနော်သိပါတယ်။ သိမ်မွေ့ရေ မငိုပါနဲ့ ကွာ။ မင်းငိုရင် မင်းခံစားရတာထက် ငါပိုခံစားရလို့ ပါ။ ဒါတွေက ကျနော်စိတ်ထဲမှာ ပြောနေမိတဲ့ စကားတွေပါ။ နှုတ်ခမ်းက တော့ ဘာစကားလုံးမှ မထွက်လာခဲ့ဘူး။
ခဏအကြာ သူမစကားသံထွက်လာသည်။
"ကို သိမ်မွေ့ကို မုန်းသွားပြီမဟုတ်လားဟင်။ သိမ်မွေ့ နားလည်ပါတယ်ကို ရယ်"
"သိမ်မွေ့ရယ်..ဘယ်လိုပြောလိုက်တာလဲ..ကို သိမ်မွေ့ကို ဘယ်တော့မှ မမုန်းဘူး။ မုန်းလို့ လဲရမှာမဟုတ်ဘူး။ အခုလို ဆုံးဖြတ်လိုက်ရတာလဲ နှစ်ဖက်လုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်လို့ပါ။ ကိုယ် သတ္တိနည်းတယ်လို့ သိမ်မွေ့ ထင်နိုင်ပါတယ်။"
"ကို လုပ်တာမှန်ပါတယ်။ သိမ်မွေ့ လည်း အတတ်နိုင်ဆုံး ကိုရဲ့ အချစ်ဆုံးသူငယ်ချင်း အဖြစ်နေနိုင်အောင်ကြိုးစားမယ်နော်။ ဒါဆို သိမ်မွေ့ ဖုံးချလိုက်တော့မယ်။ လူလာနေပြီ။"
အဲ့ဒါ သူမနဲ့ နောက်ဆုံး ဖုံးပြောဖြစ်ခြင်းပါ။ အဲ့နောက်မှာ သူမနဲ့ လုံးဝ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ မနေ့ က သူမကို ပြန်တွေ့တာ ၃နှစ်အတွင်းမှာပထမဆုံးပဲ။
ကလေးကျောင်းကြိုလိုက်အုံးမယ်ဆို တော့ သူမလည်း ကလေးတောင်ရနေပြီပဲ။ ဘာပဲဖြစ်ဖြစ် ကျနော်ကျေနပ်ပါတယ်။ ကျနော် သူတစ်ပါးအိမ်ထောင်ကို မဖျက်ဆီးခဲ့မိဘူး။ ဒါပေမဲ့ အိမ်ထောင်တစ်ခု မပျက်ဆီးဖို့ တော့ အသည်းနှလုံး ၂ခုတော့ စတေးခဲ့ရတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
သူမဟာ ဆိုင်သူရှိရက်နဲ့ ကျနော်ကို ချစ်ခဲ့တယ်။ ကျနော်က လည်း သူမမှာဆိုင်သူရှိမှန်းသိပြီးတဲ့နောက်လည်း ချစ်နေဆဲပါ။ ကျနော်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းဟာ လူ့အဖွဲ့အစည်း၊ပတ်ဝန်းကျင်မှာတော့ အပြစ်ရှိတဲ့ ချစ်ခြင်းဖြစ်နေပေမဲ့ သူမကို ချစ်ခဲ့တဲ့ အတွက် ကျနော် ဘယ်တုန်းကမှ နောင်တမရခဲ့ပါဘူး။

ပြီးပါပြီ။...။

ဆုံးတဲ့ထိ ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ပထမဆုံး အကြိမ် ဇာတ်လမ်းရေးသားခြင်း ဖြစ်တဲ့အတွက် အမှားများ၊လိုအပ်ချက်များကို ခွင့်လွှတ်ပြီးဝေဖန်ပေးကြပါရှင်။ ကွန်မန့်မှာ ဖြစ်ဖြစ် cbox မှာဖြစ်ဖြစ်အော်သွားနိုင်ပါတယ်။ =)

8 comments:

Phyo Maw said...

aww aww ! nice ဖောလျော :P

EiPhyu Mon said...

အစ်မကြီး
ဒီပုံပြင် ကြားဖူးသလိုပဲနော်...
မကြီြးေ့ပာပြတာ..
အရေးအသားက ရှယ်ပဲ...
သင်ထားသလောက်တော်တဲ့ တပည့်ပဲ...ဟိဟိ
နောက်တာ...ချိတ်ချိုးနဲ့ 
ဆက်ရေး...

EiPhyu Mon said...

လန်ထွက်လို့ ... ခြံခတ်ပြီး ဒက်ခွက်နဲ့ ရိုက်လိုက်ပြီ...
ဒေါင်...
(ခိုင်ဇာလင်း ခေါင်းဖုသွားသည်.. ဟိဟိ)

Anonymous said...

အတော်ကောင်းတဲ့ ဇာတ်လမ်းလေးပါလားဗျ။

Soaring Phantom said...

This is cool... i just can't stop reading it!
keep it up, dear. I'll be longing for your next story... :D

အဲ...နောက်တစ်ခါကျရင်တော့ မင်းသားနဲ့မင်းသမီး ဇာတ်သိမ်းမှာ ပေးပေါင်းလိုက်ပါကွယ်။ အဟီးဟီး........

Thomas said...

nice... very nice story...

Myo Tint Soe said...

Good Job! it's a good to read.. Keep it up!

Emerald said...

a ham! a ham!
Ti del naw... ti del! :P