Monday, January 12, 2009

ကျွန်မနှင့်ဖိနပ်များ


ကျွန်မတို့ ကျောင်းရဲ့ final year projects exhibition(spinnovex 2009)လည်း အဆင်ပြေပြေနဲ့ ပြီးသွားခဲ့ပါပြီ။ spinnovex မှာ အဆင်မပြေဖြစ်တာဆိုလို့ ကျွန်မအတွက်က attire ပြဿနာပေါ့။ အပေါ်အဖြူ အောက်အနက်၊ coverd shoe အနက်တဲ့။ အဲ့မှာ စတာပဲ။ ကျွန်မမှာ အနက်ရောင် ကာဗာရှူး ကောင်းကောင်းကန်းကန်း တစ်ရံမှ ရှိဘူး။ မွေးနေ့တုန်းက လက်ဆောင်ရထားတဲ့ တစ်ရံတော့ရှိပါရဲ့။ ဆိုဒ်ကနည်းနည်းသေးနေလို့ စီးရင်သေအောင်နာတယ်။ နောက်တစ်ရံရှိသေးတယ်။ အဲ့ဒါက အလုပ်လုပ်တုန်းက ၀တ်တာ။ တော်တော်ဖွတ်ဖွတ်ကြေနေပြီ။ စီးလို့တော့ ကောင်းတယ်။ ဒါပေမဲ့ ဒီဇိုင်းကလဲ ပုံတုံး၊ ဟောင်းကလည်း ဟောင်းနေပြီဆိုတော့...အသစ်လိုချင်တာပေါ့နော့..ဟီး။
ဂလိုနဲ့ ဖိနပ်ရှာပုံတော် ဖွင့်ခဲ့တယ် ဆိုပါတော့ကွယ်။ ကျောင်းက အပြန် jurong point ထဲ တစ်ကိုယ်တော် ၀င်မွှေတာပေါ့။ jurong point ကြီးကလည်း ချဲ့လိုက်တာ အတော့ကို ကြီးလာတယ်။ ဖိနပ်ဆိုင်တွေကလည်း များမှများ။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်..ဟိုဖိနပ် ကောက်စွပ် ဒီဖိနပ်ကောက်စွပ်နဲ့ပေါ့။ ဖိနပ်တွေကလည်း မမိုက်ပါဘူးဗျာ။ ဒီဇိုင်းကြိုက်တော့ ဆိုဒ်မရှိဘူးတဲ့။ ရှိတဲ့ အသေးဆုံးဆိုဒ်ကလည်း လမ်းလျှောက်လိုက်ရင် ကျွတ်ကျွတ်ထွက်လာတယ်။ ခြေထောက်သေးတာပဲ အပြစ်တင်ရမလို ဖြစ်နေတယ်။ ဟင့်..
ဒီလိုနဲ့ နောက်ဆုံးဆိုင်တစ်ဆိုင်မှာ စိတ်ကြိုက်တစ်ရံတွေ့တယ်။ စီးကြည့်တော့လည်း မဆိုးဘူး။ တစ်ခြားဟာတွေထက်စာရင် စီးလို့ကောင်းသလိုပဲ။ ဈေးကလည်း သိပ်မများတဲ့အပြင် 30%discount တောင်ပေးသေးတယ်။ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်တဲ့။ ဒါနဲ့ မဆိုးဘူး တန်တယ်ဆိုပြီးတော့ ၀ယ်လာတာပေါ့။
အိမ်ရောက်တော့ ဖိနပ်အသစ်လေးဆိုတော့ စမ်းဝတ်ကြည့်ရတာနဲ့ ထုတ်ထုတ်ကြည့်ရတာနဲ့။ဟီဟီး... ဒီလိုနဲ့ အဲ့ဖိနပ်လေးကို spinnovex ၃ရက်မတိုင်မီ အရှေ့တစ်ရက်.. အမှတ်ပေးတဲ့လူတွေ လာတဲ့နေ့မှာ ထုတ်စီးတာပေါ့။ ဖိနပ်အသစ်နဲ့ မြောက်ကြွ မြောက်ကြွနဲ့ အိမ်ကထွက်လာတယ်။ ဒါပေမဲ့ သိပ်တောင် မမြောက်ကြွလိုက်ရပါဘူး။ အိမ်ကနေ ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်တာနဲ့တင် ခြေထောက်က အတော်နာနေပြီ။ အော်..ဖိနပ်အသစ်မို့ စစချင်းနာတာဖြစ်ပါလိမ့်မယ်..ပြန်မလဲနေတော့ပါဘူးလေ ဆိုပြီး ကျောင်းဆက်စီးသွားတယ်။ အဲ့နေ့တစ်ရက်လုံး တော်တော်ခံလိုက်ရတယ်။ နာလိုက်တဲ့ ဖိနပ်ဗျာ။ အိမ်ရောက်တော့ ခြေထောက်လည်း ဖိနပ်ပေါက်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ဗလဗွ။ လှချင်တဲ့ အကျိုးတွေပေါ့။ :D
နောက်နေ့ကျတော့ အဲ့ဒီဖိနပ်စီးရမှာ တော်တော်ကြောက်သွားတယ်။ သူ့ဟာသူ လှလှမလှလှ စီးတော့ဘူးဆိုပြီး ဘူးထဲထည့်ပြီး အပြီးသိမ်းပလိုက်တယ်... အဲ့နေ့ကျတော့ ရန်ကုန်က အမေ၀ယ်ပေးလိုက်တဲ့ ဒေါက်ဖိနပ်အနက်လေး သတိရလို့ ထုတ်စီးဖြစ်တယ်။ လှတော့လှတယ် မားသားဝယ်ပေးလိုက်တာက။ ဖိနပ်က ရှေ့ ပိတ်..နောက်အဖွင့်ဆိုတော့... မနေ့ကလို ဖိနပ်မပေါက်လောက်ပါဘူး ဆိုပြီးစီးသွားတယ်။ မထူးပါဘူးဗျာ.. ခြေဖနောင့်မနာပေမဲ့ ခြေသန်းနှစ်ချောင်းတော့ သွေးခြေတောင်ဥတယ်။ အဟုတ်။
နောက်ဆုံးကျတော့လည်း ဖိနပ်အဟောင်းလေးပဲ ထုတ်စီးရတော့တာပဲ။ အဖွားကြီးစတိုင်လ် ဖိနပ်လေးက မလှပေမဲ့ ကျွန်မကို လုံးဝ ဒုက္ခမပေးဘူး။ ကျန်တဲ့spinnovex ၂ရက်လုံး သက်တောင့်သက်သာ ဖြစ်သွားတယ်။ ဒေါက်ဖိနပ်လှလှလေးတွေ စီးတဲ့မမတွေကို တွေ့ရင်တော့ အားကျမိပါရဲ့။ ဒါပေမဲ့ သူတို့မှာလည်း ပလာစတာကပ်ရတဲ့ ဒုက္ခကမသေးရှာဘူး။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
အမှန်တကယ်တော့ အပြင်ပန်းက အရေးမကြီးပါဘူး။ အဓိက က သက်တောင့်သက်သာရှိဖို့ပဲ။ "ကိုယ့်ဝမ်းနာကိုယ်သာသိ" တဲ့။ ဖိနပ်လှလှလေး စီးပြီး မျက်နှာကြီးရှုံ့မဲ့နေရရင် ဘယ်ကောင်းပါ့မလဲနော်..ဘယ်အရာမဆို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ မှန်ပါ့။ လှတာမက်ရင် ညစာခက်ပေါ့။ =D
စာကြွင်း။ ။ ဖိနပ်ပုံက google ကယူထားတာ..ကျွန်မဖိနပ်တွေက သိမ်းထားတာ ပြန်ထုတ်ပြီး ဓါတ်ပုံမရိုက်ချင်တော့လို့။ နောက်ကြုံမှပဲ တင်တော့မယ်နော်။

4 comments:

Soaring Phantom said...

"ဖိနပ်လှလှလေး စီးပြီး မျက်နှာကြီးရှုံ့မဲ့နေရရင်" ဆိုတာဖတ်လိုက်ရတော့ မယ်သီရိနဲ့ vicky ကိုသွားသတိရသဗျို့။

သူတို့ဖိနပ်လေးလှတယ်လို့ အားကျမိမနေနဲ့။ ခြေ ၅လှမ်းလောက်လှမ်းလိုက်ရင် တစ်ခါရပ်ပြီး ပြင်ဝတ်နေကြရရှာတာ...

ဘာတွေတုန်း said...

ဟဟား..သူတို့ကိုအဲ့နေ့က တွေ့တယ်။ ဖိနပ်က နာလို့တဲ့ အော်နေကြတယ်။ဟိ

အိဖြူ said...

အင်း Jurong Point ကဖိနပ်ဆိုင်တွေတော့ SPinnovex အမှီဖွင့်လိုက်တာ တော်တော် စီးပွားရေးအကွက်မြင်တယ် ပြောရမယ် ဗျိုး

ရွှန်းမီ said...

:-) .. လူတွေက ဖိနပ်ထက် မျက်နှာကို အရင်ကြည့်မယ် ထင်တာပဲ ..