ကြည့်ဖြစ်တဲ့ ရုပ်ရှင်ကားများ
The Curious Case of Benjamin Buttonတကယ့်ကို ကြည့်သင့်တဲ့ ကားလေးပါ။ တော်တော်များများတော့ ကြည့်ပြီးကြပြီလို့ထင်ပါတယ်။ ရုပ်ရှင်ပိုစတာမှာ ရေးထားတဲ့အတိုင်း "I was born under unusual circumstances" ဆိုတာလေးကို ဖတ်မိတာနဲ့ ဘယ်လိုဇာတ်လမ်းမျိုးလဲဆိုတာ ရိပ်မိကြမှာပါ။ လူသာမန်တွေလို အသက်ငယ်ရာကမကြီးပဲ အသက်ကြီးရာကငယ်သွားရတဲ့ သူ့ဘ၀ကို ဖြ

တ်သန်းပုံ၊ သူနဲ့သူ့ချစ်သူတို့ရဲ့ လေးစားလောက်တဲ့ ချစ်ခြင်းမေတ္တာတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ အထူးသဖြင့် Benjamin (Brad Pitt)ပြန်ငယ်သွားပြီး သူ့သမီးနဲ့ ရွယ်တူနီးနီးဖြစ်သွားတဲ့အချိန် သူ့မိန်းမနဲ့ သမီးကို ပြန်လာကြည့်တဲ့ အခန်း၊ ဒီထက်ပိုငယ်သွားပြီး ၆နှစ်၇နှစ်အရွယ်မှာ သူ့မိန်းမက သူ့ကိုသားတစ်ယောက်လို ပုံပြောပြပြီးချော့သိပ်တဲ့အခန်း၊ နောက်ဆုံး သူ့မိန်းမက အသက်၆၀ကျော်အဖွားကြီး ဖြစ်နေတဲ့ အချိန် သူက ၁နှစ်သားလောက် ဖြစ်ပြီး သူ့မိန်းမပေါင်ပေါ်မှာ အိပ်နေတဲ့ အခန်းတွေဆို ကျွန်မမျက်ရည်တောင် ၀ဲပါတယ်။ ဇာတ်လမ်းကောင်းကောင်းနဲ့ကြည့်ပြီးရင် ရင်ထဲတစ်ခုခုကျန်ခဲ့မှ ကြိုက်တယ်ဆိုတဲ့ ကိုကို၊မမ၊ဒေါ်ဒေါ်၊ဦးလေးတို့ လက်မလွှတ်သင့်ပါဘူး။ ဒီရုပ်ရှင်က မိတ်ကပ်အကောင်းဆုံးဆုကို ရခဲ့တယ်လို့လဲ ဆိုပါတယ်။ Slumdog Millionaire လောက် မကောင်းဘူးလို့ ပြောကြပေမဲ့ ဟိုကားကို ကျွန်မ မကြည့်ရသေးတဲ့ အတွက် ဒီကားက အတော်ကောင်းတယ်လို့ ပြောပါရစေ။
Boys Before Flowersဒါကတော့ လူငယ်ဇာတ်လမ်းလေးတွေ ကြည့်ချင်တယ်၊ ပေါ့ပေါ့ပါးပါးနဲ့ ရိုမန်တစ်ဖြစ်တာလေးကို ကြည့်ချင်ပါတယ်ဆိုတဲ့သူတွေ ကြည့်ဖြစ်အေ

ာင် ကြည့်ပါလို့ ညွှန်းပါရစေ။ ဒီကားက မူရင်း Hana yori Dango ဂျပန်ကားကို ကိုရီးယားversion နဲ့ ပြန်ရိုက်ထားတာပါ။ ဒီကား မတိုင်မီက Meteor Garden ဆိုပြီး ထိုင်ဝမ် Version နဲ့ ရိုက်ထားတာလည်း တော်တော်များများ ကြည့်ဖူးပြီးဖြစ်မှာပါ။ ကျိကျိတက်ချမ်းသာတဲ့ သူဌေးသားလေးနဲ့ သာမန်Dry Cleaning ဆိုင်လေးဖွင့်ထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ ထိုင်ဝမ်Version ကြည့်ပြီးသားဆိုတော့ ဇာတ်လမ်းကို ကြိုသိပေမဲ့လည်း ကြည့်လို့ကောင်းဆဲပါ။ အတော်ကို စွဲတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။
ကြည့်ချင်တဲ့ ရုပ်ရှင်ကားများ
My Bloody Valentineမဂ္ဂဇင်းထဲမှာ ကြော်ငြာတွေ့ထဲက အတော်ကြည့်ချင်တာပါ။လူသတ်ကားတဲ့။ သို့သော်ငြား ရုပ်ရှင်ရုံရောက်တော့ အဲ့ကားကြည့်မလားလို့ သူငယ်ချင်းများကို ဆွယ်တော့ သူတို့က သတ္တိကောင်းကြပါတယ်။ ရုပ်ရှင်ပြီးရင် မိုးမှောင်ပြီ။ အိမ်ပြန်ရင် ကြောက်စရာကြီးတဲ့။ တခြားကားကြည့်ပါတဲ့။ အော်..အဖော်နဲ့ပြန်တဲ့ သူတို့က ဒီလိုပြောမှတော့ တစ်ယောက်ထဲ သင်းချိုင်းနားက ပြန်ရတဲ့ ကျွန်မ ပြောစရာစကားမထွက်လာတော့ ။ :D အဲ့တော့ ပိုစတာကို ငမ်းပြီးပဲ တခြားကားကြည့် ပြန်လာခဲ့ရသည်။ နောက် ရုပ်ရှင် download ပြီးတဲ့လူတွေဆီကပဲ တောင်းကြည့်ရတော့မဲ့ဘ၀။
Coming soon(Thai Horror)
ပိုစတာ ကြည့်တာနဲ့ အသည်းချမ်းစရာကြီးပါ။ ဒါပေမဲ့ သရဲကားကြိုက်တဲ့ ကျွန်မအကြိုက်ပါပဲ။ ဒါရိုက်တာကလည်း

နာမည်ကြီး ထိုင်းသရဲကား(Shutter, Alone,4bia)တွေကို ရိုက်တဲ့ ဒါရိုက်တာဆိုတော့ ကောင်းမှာအမှန်ပဲ။ သူငယ်ချင်းတွေက မေးကြပါတယ်။ နင် မိန်းကလေးတန်မဲ့ သရဲကားတွေ လူသတ်ကားတွေ အဲ့လောက်ကြည့်ချင်ရလားတဲ့။ မကြောက်ဘူးလားတဲ့။ အမှန်ပြောရရင်တော့ ကြောက်ပါတယ်.. :D သရဲဆိုလည်း အင်မတန်ကြောက်ပါတယ်။ ဒါပေမဲ့ ကြည့်လည်းကြည့်ချင်ပါတယ်။ အဲ့တော့ ရုပ်ရှင်ရုံရောက်ရင် သရဲပေါ်လာပြီဆို မျက်လုံးမှိတ်ပြီး သရဲကားကြည့်ပါတယ်။ အိမ်မှာ တစ်ယောက်ထဲကြည့်ရင်တော့ speakerကို mute လုပ်ပြီးကြည့်ပါတယ်။ အဲ့လို သတ္တိရှိတဲ့ သတ္တိခဲပါ။ :P ဒီ coming soon ဆိုတဲ့ ကားကိုလည်း အဖော်ကောင်းလျှင် သွားကြည့်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နို့မို့ရင်တော့ online ပေါ်ရောက်မှပဲ အသံပိတ်ကြည့်ရတော့မှာပေါ့ကွယ်။