ကဲ မမနေခြည်နဲ့ မမမိုးခါးရေ... အကြွေးဆပ်ပြီနော်။ Tag gameတဲ့။ တစ်ခါမှတော့ အtagမခံရဖူးဘူး။ ကိုကိုမမတွေရဲ့ ဘလော့တွေမှာတော့ တွေ့ဖူးပါရဲ့။ ခုတော့ မမ၂ယောက်ကျေးဇူးကြောင့် ရေးဖူးသွားပြီပေါ့နော့။
ကျွန်မမှာ ၀ါသနာသေးသေးကြီးကြီး အတော်များများရှိပါတယ်။ တစ်ချို့ကတော့ ၀ါသနာပါပေမဲ့ သိပ်မလုပ်ဖြစ်ပါဘူး။ အဲ့ဒီတော့ ၀ါသနာလည်းပါ လုပ်လည်းလုပ်ဖြစ်တာလေးတွေပဲ ရေးပါ့မယ်။
ဓာတ်ပုံရိုက်ခြင်းနှင့်ပြင်ခြင်း
ငယ်ငယ်ထဲက ဓာတ်ပုံအရိုက်ခံရတာ ၀ါသနာပါပါတယ်။ ကြီးလာတော့ ၀ါသနာက ပိုရင့်လာပါတယ်။ ကျွန်မက ဓာတ်ပုံမစားပါ။ ရိုက်ထားသော ဓာတ်ပုံများကို ကြည့်လျှင် ၁၀ပုံမှာ ၁ပုံသာ ကောင်းပါသည်။ သို့သော် အသေရိုက်ပါသည်။ ရန်ကုန်တစ်ခါတစ်ခါ ပြန်လျှင် ရိုက်ဖြစ်သည့် ဓာတ်ပုံများမနည်းပါ။ အရင်က ဖလင်များနှင့်ရိုက်တုန်းက ဖလင်နှမြော၍ အားတိုင်းယားတိုင်း မရိုက်ပါ။ အခုတော့ ဒီဂျစ်တယ်ခေတ် ဖြစ်လာ၍ ကျွန်မအကြိုက်ဖြစ်သွားသည်။ ထို့အပြင် Photoshop လေးနှင့် ဟိုကလိ ဒီကလိ လုပ်ပါသည်။ ပြီးရင် Edit လုပ်ပြီးသော ပုံများကို ကြည့်၍ ကောင်းကောင်းမကောင်းကောင်း ပီတိဖြစ်တတ်ပါသေးသည်။
စာဖတ်ခြင်း
စာဖတ်တာကို အင်မတန် ၀ါသနာပါပါသည်။ ၂တန်းလောက်ထဲမှ စ၍ အပြင်စာများကို စဖတ်ဖြစ်သည်။ စာဖတ်ခြင်းဟု ပြောလိုက်၍ အထင်မကြီးသွားမိစေရန် ကြိုတင်ပြောကြားလိုပါသည်။ အကြောင်းမှာ ဖတ်သောစာများမှာ ဗဟုသုတရသော စာအုပ်ထက် ကာတွန်းစာအုပ်၊၀တ္ထုစာအုပ်များကိုသာ ပိုဖတ်သောသောကြောင့် ဖြစ်ပါသည်။ အိမ်တွင် ငယ်စဉ်ကတည်းက ထွက်သမျှ ကာတွန်းဂျာနယ် အကုန်ဝယ်သည်။ ပုံပြင်စာအုပ် တစ်ပတ်တစ်အုပ်ဝယ်ဖြစ်သည်။ ၇တန်းလောက် အရောက်တွင် ကျွန်မ၀ယ်ထားသော ဂျာနယ် နှင့် စာအုပ်များမှာ စတိုခန်း၏ ထက်ဝက်ခန့်ကို နေရာယူထားလေပြီ။ ကာတွန်းကို ၀ယ်ရုံတင် အားမရသေး။ စာအုပ်ဆိုင်က ငှားဖတ်သည်။ ဘိုဘို တွတ်ပီ ပိုးဇာ ဂျောက်ဂျက် ယူနိုင် ဒီရဲဂျာ သက်ပိုင်ရဲ ရှင်နှောင်း.. အမ်မလေး ပြောရင်ကုန်မှာ မဟုတ်တော့ဘူး။ အကုန်ဖတ်တယ်။ စာအုပ်ဆိုင် တစ်ဆိုင်ထဲ ငှားရတာ အားမရလို့ ၃ဆိုင် ပတ်ငှားတယ်။ ကျောင်းပိတ်ရက်ဆို တစ်နေ့ကို ကာတွန်း ၄ အုပ်ကနေ ၁၂အုပ်ထိ ဖတ်တယ်။ ရသမျှ မုန့်ဖိုးနဲ့ စာအုပ်ဖိုးတောင် မလောက်ဘူး။ အိမ်ကလူကြီးတွေကလည်း အပြင်မှာ လတ်လျားလတ်လျားမလုပ်ပဲ စာအုပ်ပဲဖတ်တာဆိုတော့ ဘာမှ သိပ်မပြော။ ၈တန်း ၉တန်းလောက် ရောက်တော့ လိုင်းပြောင်းသွားသည်။ ကာတွန်းနှင့် ပုံပြင်အစား ၀တ္ထုစာအုပ်များ အစားဝင်လာသည်။ ၀တ္ထုများကိုတော့ မ၀ယ်။ ဆိုင်မှ ငှားဖတ်သည်။ အမေက အချစ်ဝတ္ထုများ ပေးမဖတ်။ လွန်းထားထား ပုညခင် အိမ်သို့ သယ်လာခွင့်မရှိ။ တော်သေးသည်။ တာရာမင်းဝေ မင်းခိုက်စိုးစန် အကြည်တော် စာအုပ်များကို ဟာသစာအုပ်များဟု ပြောကာ အိမ်ငှားလာရင် ဘာမှမပြော။ ခုလောက်ဆိုရင်တော့ စာဖတ်ဘယ်လောက် ၀ါသနာကြီးလဲ သိလောက်ရောပေါ့။ ခုဒီရောက်လာတော့ အီးဘုတ်ခ်များနှင့်သာ ကျေနပ်နေရတော့သည်။ အဟင့်။
အစားအသောက်
ကျွန်မက ထမင်းနဲ့ဟင်းထက် သရေစာ ပိုကြိုက်တယ်။ ရန်ကုန်မှာတုန်းက တရုတ်တန်းမှာနေတော့ ညနေစောင်းပြီဆိုတာနဲ့ ချစ်မားသားဆီက ပိုက်ပိုက်တောင်း။ လမ်းထိပ်ထွက်ပြီး မုန့်လျှောက်ပတ်စားတာ။ တစ်ခါတစ်လေ ညစာထမင်းတောင် မစားဖြစ်ဘူး။ ညစာအလွတ် အပီဆွဲတာ။ ဘယ်နေရာမှာ ဘာမုန့်ကောင်းတယ် ဘယ်ဆိုင်ကောင်းတယ်ဆိုတာ အကုန်သိ။ စင်ကာပူရောက်တော့လည်း အားရင် ဟင်းချက်ကောင်းတဲ့ ဘလော့ဂါမမတွေဆီလျှောက်လည်။ သရေကျ။ အပြင်ရောက်ရင် ဟိုသရေစာ ဒီသရေစာ တို့တိတို့တိစား။ ဘလော့မှာ ဟင်းချက်နည်းတွေကိုမှတ် ပြီးရင် ခင်တဲ့မမတွေအိမ်ကိုသွား။ ချက်ကျွေးခိုင်း။(အမှန်တော့ ကိုယ့်ဟာကိုယ်ချက်စားကြည့်ချင်ပါတယ်။ ဒါပေမဲ့ အိမ်ရှင်က မီးဖိုချောင် သုံးခွင့်မပေးပါဘူး) ကဲ အဲ့လိုမျိုးလည်း အစားအသောက် ၀ါသနာကြီးပါသတဲ့။
တော်ပြီ။ ကြာရင် အစားပုတ်တဲ့ အကြောင်းတွေ ပေါ်ကုန်တော့မယ်။
ဘယ်သူ့ကို ဆက်tagရမလဲလို့ စဉ်းစားတော့ ဒီလိုအိုင်ဒီယာရပါတယ်။ အခုဒီစာကြောင်းကို ဖတ်မိတဲ့သူတွေအားလုံးကို tagပါတယ်။ ဘာအခုမှ မဖတ်တော့ဘူးလုပ်နေတာလဲ။ မရတော့ဘူး။ငှင်းငှင်း။ ရေးရတော့မယ်။ဒါပဲ။
ဟဟား။ ပေါတာတွေ တော်သင့်ပြီ။ တော်ကြာ တည်တည်ကြည်ကြည်နေတဲ့ ဘာဘာကို ငပေါမလေးလို့ ထင်ကုန်ကြတော့မယ်။ နောက်တာပါ။ ရေးချင်တဲ့ လူတွေရေးကြပါ။ ပြီးရင် ဆီပုံးမှာ အော်ခဲ့ပါ။ တစ်ယောက်ချင်းဆီကို သေချာလာလည်ဖတ်ပါ့မယ်။ :)

9 comments:
ကောင်း .. ၏ .. ကျေးဇူး ဘာဘာရေ .. ရေးပေးလို့ .. တက်ချင်တာတောင် နာမည်မစဉ်းစားဘူး .. ကြည့်တဲ့လူအကုန်တဲ့ .. :D
ရေးပေးတာ ကျေးဇူးဘာဘာ
ကောင်းသားပဲး)
ညီမလေး ဘာဘာက စာတယ်ဖတ်တာကိုး။
ဒါကြောင်း ခေါင်းကြီးက အီးတီလို အမျှော်အမြင်ရှိတဲ့ပုံ ဖြစ်နေတာဖြစ်မယ်။
အင်း တာရာမင်းဝေ မင်းခိုက်စိုးစန် အကြည်တော် ဟာသစာအုပ်များကို ဆိုတော့ ဖတ်တိုင်း တဟီဟီ အမေ့ရှေ့လုပ်ပြတယ်နဲ့တူတယ်။
ဘာဘာရေ
အစားအသောက် ၀ါသနာပါတာ တူ၏။.
pm ET ပုံလေးဖြစ်ချင်တာလား လို့ ပြန်မေးလိုက်။
သို့ မမမိုးခါးနဲ့မမနေခြည်=> သတိတရနဲ့ tag ဖော်ရတာကိုပဲ ဘာဘာက ကျေးဇူးတင်လှပါပြီ။
သို့ မမဖြိုးမော်..အိ..ဆောတီး..ကိုဖြိုးမော် => မမခေါ်တာတွေ များလို့ ယောင်သွားတယ်။ ဘာဘာ ခေါင်းကြီး ဦးနှောက်ကြီးတာကို မနာလိုဖြစ်နေတယ်ထင်တယ် .. ဟဲဟဲ..
ဝတ္ထုဖတ်ရင် အမေ့ရှေ့မှာ ဟာသလို့ယုံအောင် ရီပြရတာလဲ အမော :P
သို့ ကိုသီဟသစ် =>အစားအသောက် ၀ါသနာပါတာ ကောင်း၏.. pm က ET ဖြစ်ချင်တာ မဟုတ်ဘူး။ ဘာဖြစ်ချင်လဲဆိုတာတော့ သူ့မေးကြည့်:D
တိုင်ပြောပလိုက်မယ်။ your mom နဲ့တွေ့ရင်။ :P
အွန်.. တူများ ဘာရုပ်ရို့လဲလို့.. mom နဲ့ တိုင်မယ်တဲ့။ ဟင့်
Fist time come to your side but you are good writer .
Pls keep writing . Thank you so much for your post.
Good luck .
Post a Comment