Friday, March 13, 2009

အင်း တစ်ခုတော့ တစ်ခုခုပဲ

ညတုန်းက ကျွန်မ ၂နာရီလောက်မှာ အိပ်ရာဝင်တယ်။ အိပ်တော့ ဘာလို့မှန်း မသိ အိပ်မပျော်ဘူး။ ဟိုအကြောင်းတွေး ဒီအကြောင်းတွေးနဲ့ ၃နာရီလောက်ထိ အိပ်မပျော်ဘူး။ ၃နာရီကျော်လောက် တစ်ချက် မှေးခနဲ အိပ်ပျော်သွားတယ်။ မကြာပါဘူး "ချွမ်း"ဆိုပြီး သော့တွဲလို ပစ္စည်းမျိုး ပြုတ်ကျသံကြားပြီး လန့်နိုးလာတယ်။ အိမ်မက်များလားလို့ ပြန်စဉ်းစားတယ်။ ဟင့်အင်း အိပ်မက်မဟုတ်ဘူး သေချာတယ် ။နားနဲ့ ဆတ်ဆတ်ကြားလိုက်တာ။ ကျယ်လည်းကျယ်တယ်။ ဒါနဲ့ ကျမ အိပ်ရာက အသာထလို့ မီးပြန်ဖွင့် ဘာပစ္စည်း ပြုတ်ကျတာလဲလို့ လိုက်ရှာတယ်။ သော့နဲ့တူတာ ဘာမှ မတွေ့သလို ဘာပစ္စည်းမှလည်း အောက်မကျနေပါဘူး။ အသံက အခန်းအပြင်က အသံမဟုတ်သလို ဘေးခန်းက လူတွေလည်း အိပ်မောကျလို့ ဟောက်သံတွေတောင် ကြားနေရတယ်။ ဒါနဲ့ ကျမလည်း မီးပြန်ပိတ်ပြီး အိပ်ရာပြန်ဝင်တယ်။ မျက်လုံးပိတ်ထားပြီး ၅မိနစ်လောက် အကြာမှာ အသံထပ်ကြားတယ်။ ဒီတစ်ခါ ပစ္စည်းပြုတ်ကျသံမဟုတ်တော့ဘူး။ စကားပြောသံ။ ဝေးဝေးကလာတဲ့ အသံတော့ မဟုတ်ဘူး။ ကျမ ခေါင်းရင်းနား တစ်ကိုက်အကွာလောက်က ပြောတဲ့အသံလိုမျိုး။ ဘာစကားပြောလဲဆိုတာတော့ သေချာမကြားရဘူး။ ဗလုံးဗထွေးနဲ့။ ကျမလည်း ကြောက်ကြောက်နဲ့ ပေါက်ကရတွေ လျှောက်မစဉ်းစားတော့ဘဲ ဖုန်းနဲ့ သီချင်းကျယ်ကျယ် ဖွင့်လိုက်တယ်။ ပြီးတော့ မျက်စိကိုမှိတ် ရသမျှ ဘုရားစာရွတ်ပြီး အိပ်လိုက်တယ်။ တော်ပါသေးရဲ့။ အိပ်ပျော်သွားလို့။ မဟုတ်ရင် လျှောက်စဉ်းစားပြီး လန့်နေအုံးမှာ။ ဒီရက်ပိုင်း သရဲကားတွေ လူသတ်ကားတွေ ကြည့်မိလို့ပဲ စိတ်တွေ ခြောက်ချားနေတာလား မသိ။ အခု ဒီပို့စ်ရေးနေရင်းတောင် channel U က လာနေတဲ့ ထိုင်းသရဲကား ကြည့်နေတယ်။ အဟိ :P


13 comments:

Phyo Maw said...

ကြည့် ကြည့် Coming Soon လဲသွားကြည့်လိုက်ဦး အဲကားကကြည့်ပြီးရင် အိမ်ထိလိုက်လာလိမ့်မယ်။
သူကိုယ်တိုင်က ဂလိုပဲရေးထားတာ။
ကြည့်ကြည့်....

ဘာတွေတုန်း said...

မကြည့်တော့ဘူး coming soon.. တော်ကြာ ညဖက်တွေ အိပ်မရပဲ ငုတ်တုတ်ထိုင်နေရမယ်။

မိုးခါး said...

ဖစ်ရမယ် :D:D

khin oo may said...

မကြည့်ဘူး မကြည့်ဘူး

တီချမ်း said...

အဟစ်အဟစ်အဟစ်
အဲဒါလေ ညက တို့ က ခေါင်းထုပ်ကြီးကိုလွှတ်ပေးလိုက်တာပါကွယ်
မမကွမ်ဆီလဲလွှတ်ထားတယ်

word verification
ဖြုတ်ပေး မန့်ရတာ ဆင်မပြေ
သုတ်ခေတ်
ချိန်မရှိ
စိတ်တို

ဘာတွေတုန်း said...

လက်စသတ်တော့ အန်တီချမ်းလက်ချက်ကိုး။။
မမကွမ်ကော ညအိပ်ခါနီးဘာထူးတုန်း:P

ရွှန်းမီ said...

အိပ်မပျော်ခင်အချိန်လေးမှာ ယောင်တာတစ်မျိုးပဲ ထင်တယ်.. တချို့ က အသံထွက်ယောင်တယ်.. တချို့ က အသံကြားယောင်တယ်။ နားကြပ်နဲ့သီချင်းအရမ်းနားထောင်တဲ့လူတွေမှာ ဖြစ်တတ်တယ်.. သတိထားနော်..
;-)

Unknown said...
This comment has been removed by the author.
Anonymous said...

မမ.. သောကြာနေ့ ကျရင် Channel 5 မှာ Ghost Whisperer ရှိတယ်သိလား.. :P

Phyo Evergreen said...

အဲဒါ ဟော်လန်တောင်ကုန်းပေါ်ကသရဲလေ..သူကအဲသလိုဘဲခြောက်တတ်တယ်

ဘာတွေတုန်း said...

မမရွှန်းမီပြောတာ ဖြစ်နိုင်တယ်။ ဘာဘာက သီချင်းတွေဆို အမြဲနားကြပ်နဲ့ပဲ နားထောင်တာ။ အိမ်မှာတောင် နားကြပ်နဲ့ပဲ။
သို့ ကလေးငယ်လေး=> အဲ့ဒါကြီးက series ထင်ပါတယ်ကွယ်။ သရဲကားကို ဆန့်တငင်ငင်နဲ့တော့ မကြည့်ပါရစေနဲ့:P
သို့ Phyo evergreen=> ဟဲဟဲ တူလဲ ခြောက်ခံရဖူးတယ် ထင်တယ်

မဆုမွန် said...

အာ...ဟင့် ခုနကတင် ဘေးမှာ သံတံခါးကို လာခေါက်တဲ့ အသံကြားလို့ ခေါင်းမွေးထောင်နေတာ ကြက်သီးတွေပါ ထလာတယ်...အခု ဒီပို့စ်ဖတ်မိတော့ တေပြီပေါ့...အခုတလော ထိုင်းကားတွေကလဲ သရဲတစ္ဆေကားတွေချည်း လာနေတာနော် စိတ်ညစ်တယ်

ZT said...

အိပ်မရရင် ဒီဇာတ်လမ်းတွဲလေး ဖတ်ကြည့်။ http://yazakyaw.blogspot.com/2007/08/clementi_15.html

ဟီးဟီး အချွန်နဲ့တော့ မခဲ့ပြီ။