Sunday, March 22, 2009

တွေးမိတွေးရာများ

Training နောက်၂ရက်မှာတော့ ပထမနေ့လောက်တော့ မဆိုးတော့ပါဘူး။ နည်းနည်း အဆင်ပြေတယ်။ ဒါပေမဲ့ စလုပ်လုပ်ချင်းမို့လား မသိဘူး။ လုပ်ရတာတော့ မပျော်ဘူး။ အလုပ်ကို မသွားချင်တာ။ ဒါပေမဲ့လည်း "ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရ" လို့ပဲ စိတ်ထဲတွေးပြီး အလုပ်ဆက်သွားရတာပေါ့ကွယ်။

ဗဟုသုတတော့ အတော်ရသား။ ကျန်းမာရေးဗဟုသုတတွေပေါ့လေ။ လူနာပေါင်းစုံကိုလည်းတွေ့ပြီး အတွေးတွေလည်း များမိပါရဲ့။
တစ်ခါကဆို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် လာပြတယ်။ သူက မွေးခါနီးပြီ။ ကျွန်မတို့ ဒေါက်တာမမနဲ့ မွေးမှာ။ ခွဲမွေးမှာတဲ့။ ဘာလို့လဲဆိုတော့ Horoscope တွက်ချက်မှုအရ April ၃ရက်နေ့ မနက် ၉နာရီက နေ ၁၁နာရီ အတွင်း မွေးရမယ်ဆိုပဲ။ အစက သူက Apr ၁ရက်နေ့ မွေးဖို့ Date လုပ်ထားတယ်။ နောက်တော့ Apr ၁ က April Fool Day မို့လို့တဲ့။ ၃ရက်နေ့ ပြောင်းလို့ရမလားဆိုပြီး ဆရာဝန်နဲ့ လာတိုင်ပင်တယ်။ April Fool Dayမှာ မွေးတော့ ဘာဖြစ်မှာကျလို့။ ရယ်တော့ ရယ်ရသား။ ဧပြီ၁ရက်နေ့မှာ မွေးတဲ့ ဖြိုးမော်တစ်ယောက်တော့ သူ့ဖွားဖက်တော် ညီလေး(သို့)ညီမလေး တစ်ယောက် လျော့သွားတာပေါ့လေ။ အဲ့လိုတွက်ချက်ပြီးမွေးတာနဲ့ ပတ်သက်ပြီး ကျွန်မတစ်ခုတွေးမိတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာက မိခင်ဗိုက်ထဲရောက်ကတည်းက သတ်မှတ်ပြီးသားလို့ ထင်တာပဲ။ အဲ့လိုမျိုး အချိန်တွေ ပြောင်းပြီးမွေးလိုက်လို့ကော အဲ့ဒီကလေးရဲ့ ကံကြမ္မာက ပြောင်းသွားမှာလားဟင်။ ဘုရားသတ်မှတ်ပေးတဲ့ ကံကြမ္မာ(ဒါမှမဟုတ် ကိုသီဟသစ်ပြောသလို အတိတ်ကံက သတ်မှတ်ပေးတဲ့ ကံကြမ္မာ)ကို လူတွေက ကိုယ်တိုင်သတ်မှတ်ဖို့ ကြိုးစားနေသလိုပါပဲ။ ကျွန်မအတွေးလေးကို ပြောကြည့်တာပါ။ ပျင်းလို့ လျှောက်စဉ်းစားကြည့်တာနော်။


8 comments:

khin oo may said...

မလျောက်တတ်ပါ အမိ.

သီဟသစ် said...

ဘုရားသတ်မှတ်ပေးတဲ့ ကံကြမ္မာ ဟုတ်မယ် မထင်ပါဘူး။ သူတို့ အတိတ်ကံက သတ်မှတ်ပေးတာ နေမှာပါ။
တစ်ခါတစ်လေလည်း အဲဒီလိုနေ့ပြောင်းလိုက်ရင် ကံတွေ လိုက်ပြောင်းပါ့မလား
အဲလိုစဉ်စားမိတယ်...

အဲဒီနေ့ပြောင်းဖို့ကိုပဲ သူတို့ကံက ပါလာရင်ရော..

တော်ပြီရှူပ်တယ် မပြောတော့ဘူး :P

နွေးနေခြည် said...

ပြောင်းလို့ ရမယ် မထင်ပါဘူး။ ကလေးရဲ့ အတိတ်ကံတွေနဲ့ပဲဆိုင်ပါလိမ့်မယ်...

Phyo Maw said...

အတိတ်မှာ ကန်တာကော... မွေးလာရင် ကန်မှာကော
ကန်ချင်တဲ့အချိန်ကန်ပေါ့။

ဘာတွေတုန်း said...

သို့ မမကွမ် => မလျှောက်တတ်ရင် ထိုင်နေလို့ ရပါတယ် :)
သို့ ကိုသီဟသစ် => အတိတ်ကံ ဟုတ်တယ်။ အဲ့ဒီသဘောကို ဆိုလိုချင်တာ။ စဉ်းစားလို့မထွက်တာနဲ့ ဘုရားသတ်မှတ်ပေးတဲ့ ကံကြမ္မာလို့ ရေးလိုက်တာ။ ကျေးဇူးပဲ
သို့ မမနွေး => ဘာဘာလည်း အဲ့လိုထင်၏ :D
သို့ ဖြိုးမော် => လူကြီးများ ဘာသာရေး ဆွေးနွေးနေသည်။ အသက်မပြည့်သော ကလေးများ ငြိမ်ငြိမ်နေပါ။

တီချမ်း said...

အများကြီးရှောက်မတွေးနဲ့
ရှုပ်က ရှုပ်နဲ့ရယ်
ပြီးရင်လာတော့မယ်
တာအို တို့
တောက်တယ်ကျင်းတို့
ဖုန်းရွှေတို့
ကံကြမ္မာတို့
ရှေ့ဘ၀နောက်ဘ၀တို့
ဂြိုလ်ခွင်တို့
နက္ခတ် တို့
ဂြိုလ်စီးဂြိုလ်နင်းတို့

My Diary said...

မပြောတက်ဘူးဆိုတာ ၀င်ပြောခဲ့တယ်နော်

ဘာတွေတုန်း said...

သို့ တီချမ်း=> ဟုတ်ပါ့နော်..ရှုပ်ကရှုပ်နဲ့ မစဉ်းစားတော့ဘူး။ ရုပ်တွေရင့်ကုန်မယ်။ တွေးလွန်းရင် :)
သို့ မိုင်ဒိုင်ယာရီ=> ဟုတ် မသိလဲ ၀င်ပြောလို့ရပါတယ်ရှင်။ :P